အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ရန် အခက်အခဲများရှိနေဟု အေစီမီလန်နည်းပြ ၀န်ခံ
|
စီးရီးအေပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်က အောင်မြင်မှုပြန်လည်ရရှိရန်အတွက်အခက်အခဲများရှိနေခဲ့ကြောင်း၊ အသင်းသားများအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် အတူတကွဖြေရှင်းနိုင်မှသာ ရလဒ်ကောင်းပြန်ရနိုင်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။
အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ်-၇ အပြီးတွင် ရှုံးပွဲ ၄ပွဲအထိကြုံတွေ့ခဲ့သည့်အတွက် အမှတ်ပေးဇယားအဆင့် ၁၁ နေရာတွင် ရပ်တည်နေခဲ့ရာ နည်းပြမီဟိုင်းလိုဗစ်မှာ ပရိသတ်များ၏ ဖိအားပေးခြင်းခံခဲ့ရသည့်အပြင် အသင်းတာဝန်ရှိသူများ၏ ဖိအားပေးခြင်းကိုပါ ခံနေရ သည်။
“အသင်းရလဒ်တွေဆိုးတာနဲ့အညီ ဖိအားတွေရှိလာမယ်ဆိုတာကို လက်ခံပါတယ်။ အသင်းရလဒ်ကောင်းဖို့အတွက် အသင်းသားတွေနဲ့အတူပူး ပေါင်းပြီးဖြေရှင်းရတော့မှာပါ။ ဒါပေမယ့် အခက်အခဲအချို့ရှိနေခဲ့ပါတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ပိုပြီးအာရုံစိုက်ဖို့လိုအပ်နေပါပြီ” ဟု နည်းပြ မီဟိုင်းလိုဗစ်က ဆိုခဲ့သည်။
နည်းပြမီဟိုင်းလိုဗစ်သည် လာမည့် စီးရီးအေပွဲစဉ်-၈ တွင် ရင်ဆိုင်ရမည့် တိုရီနိုနှင့်ပွဲစဉ်တွင် ရလဒ်ကောင်းမရရှိခဲ့ပါက ရာထူးမှထုတ်ပယ်ခံရဖွယ် ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
Next : ဂျူဗင်တပ်နှင့်တွေ့ဆုံမှု ၅ ကြိမ်တွင် ၆ ဂိုးသွင်းယူနိုင်ခြင်းကို အမှတ်ရနေဆဲဟု အိုင်ကာဒီ ပြောကြား