မြန်မာအသင်းမှာ ဆက်ရှိနေမယ်။ မလေးရှားအသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းမဟုတ်ပါဘူး။

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
coach1
သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ်အေဗရာမိုဗစ်အား တွေ့ရစဉ်။

အောင်သော်ဖြိုး။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ပြီးခဲ့သော အောက်တိုဘာ၈ရက်တွင် လက်ဘနွန်၊ ၁၃ရက်နေ့တွင် လာအိုအသင်းများများနှင့် ထိုင်းနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး (၁)ပွဲနိုင်၊(၁)ပွဲရှုံးရလဒ်ရခဲ့သည်။ ယင်းပွဲနှစ်ပွဲကစားပြီးချိန် မြန်မာ့လက်ရွေးစင်အသင်းအပေါ် နည်းပြချုပ်အေဗရာမိုဗစ်၏အမြင် နှင့် ရှေ့ဆက်လက်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် မည်သို့ပြင်ဆင်ရန် အစီစဉ်၊ ဒေသတွင်းနိုင်ငံအသင်းတစ်သင်း နှင့် အနာဂါတ်ရှေ့ဆက်မည်လား စသည့်မျာနှင့် ပတ်သက်ပြီး Football Channel Myanmar ကသွားရောက်မေးမြန်းဖြစ်ခဲ့သည်။

FCM-လက်ဘနွန်နဲ့ လာအိုပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်ဘယ်လိုမြင်မိပါသလဲ။

Raddy– လက်ဘနွန်နဲ့ ပွဲမှာကျွန်တော်တို့ အနည်းဆုံးသရေရသင့်ခဲ့တယ်။ ၂ဂိုးပြတ်ရှုံးခဲ့တဲ့ ကျွန်တော်စိတ်ပျက်မိခဲ့တယ်။ ဒါပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်က ပိုမိုကောင်းမွန်လာတဲ့အတွက်ကြောင့် ၀မ်းသာမိတယ်။ လက်ဘနွန်နဲ့ ပွဲမှာဆိုရင် ကျွန်တော်တို့အ သင်းက ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်ကောင်းမထွက်လာခဲ့ဘူး။ တစ်ခါတစ်လေမှာ အသင်းကစားပုံ ကောင်းတယ်။ ဒါပေမဲ့ ရလဒ်ကောင်းရချင်မှ ရမယ်။ ကစားပုံဆိုးရွားနေပေမယ့် ရလဒ်ကောင်းထွက်ချင်ထွက်လာနိုင်တယ်။ ကျွန်တော့်အသင်းက ဒီထက်ပိုပြီးကောင်းမွန်လာမယ်။ အကောင်းဆုံးကစားပြနေရင်း ဂိုးတွေလည်းပိုသွင်းနိုင်မယ်လို့ ကျွန်တော် ယူဆမိတယ်။

FCM -နောက်ထပ်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ အသင်းကို ဘယ်လိုပြင်ဆင်ဖို့ရှိပါသလဲ။

Raddy – နိုဝင်ဘာ၁၂မှာတောင်ကိုရီးယားနဲ့ ကစားရမယ်။ ဒီပွဲမတိုင်မီ ၇ ရက်နေမှာ ဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ ခြေစမ်း မယ်။ ထိုင်းနဲ့ ဟောင်ကောင်အသင်းနဲ့ ကစားပုံကြည့်ပြီးတဲ့အချိန်မှာ တောင်ကိုရီးယားနဲ့ ဟောင်ကောင်အသင်း ကစားပုံသိပ်မကွာ ဘူးလို့ မြင်ခဲ့တယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းတယ်။ သန်မာတယ်။ ပြီးတော့ သူတို့ဆီမှာနိုင်ငံခြားသားကစားသမား(၄)ယောက်ပါ တယ်။ ဟောင်ကောင်က တစ်နှစ်၊နှစ် နှစ်အတွင်းမှာ ပြောင်းလဲတိုးတက်လာတဲ့အသင်းတစ်သင်းလဲဖြစ်တယ်။ ဒါကြောင့် တောင်ကိုရီးယား၊ ကူဝိတ်တို့ပွဲမတိုင်မီ အသင်းကောင်းတစ်သင်းနဲ့ ခြေစမ်းနိုင်တယ်လို့ ထင်တယ်။

FCM – ဒီနှစ်ပွဲအတွက် ကစားသမားတွေရွေးချယ်မှုကို လုပ်ဦးမှာလား။

Raddy – အသင်းနဲ့ အံဝင်မယ့်ကစားသမားကို ကျွန်တော်လေ့လာသွားမယ်။ ရနိုင်မယ့်ကစားသမားတွေကို လေ့လာပြီး လူရွေးချယ်မှုကို ဆုံးဖြတ်သွားမယ်။ ပြီးတော့ အခုချိန်မှာ မြန်မာနေရှင်နယ်လိဂ်ကလည်း ကစားဖို့ ၃ ပွဲလောက်ကျန်နေသေးတော့ ကစားသမားတွေ ဒဏ်ရာရတာတွေရှိနိုင်တယ်။ ဒါကြောင့် ကစားသမားရွေးချယ်မှုက အပြောင်းအလဲတွေရှိကောင်းရှိ လာနိုင် တယ်။ ကစားသမားရွေးချယ်မှုအတွက်ကို နေရှင်နယ်လိဂ် အနည်းဆုံး ၂ ပွဲကစားပြီးချိန်မှာ ဆုံးဖြတ်သွားမယ်။

FCM -မလေးရှားဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြရာထူးအတွက်စိတ်ဝင်စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

Raddy – ကျွန်တော်နဲ့ မလေးရှားလက်ရွေးစင်အသင်းကိစ္စမှာ ဘာမှလုပ်ဆောင်နေခြင်းလဲမရှိဘူး။ သတင်းစာတွေကသာ ဖော်ပြနေကြတာပါ။ ဘယ်အသင်းနဲ့မှာ စကားပြောနေခြင်းလဲမရှိပါဘူး။

comments

error: Content is protected !!