ဒိုင်များ ဘက်လိုက်သည်ဟု စွပ်စွဲခဲ့သည့်မော်ရင်ညို တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usejose
ချဲလ်ဆီးနည်းပြမော်ရင်ညို။

ချဲလ်ဆီးနည်းပြမော်ရင်ညိုမှာ ဆောက်သမ်တန်အသင်းကို ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ပွဲကြီးကြပ်သူများမှာ
မိမိတို့အသင်းအား ပင်နယ်တီပြစ်ဒဏ်ပေးရန်ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့သည့်အပြင် မီဒီယာများရှေ့၌ ဒိုင်များ
ဘက်လိုက်သည်ဟု စွပ်စွဲခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေက စွဲချက်တင်ပြီးနောက် ပွဲစဉ်တစ်ပွဲကွင်းအတွင်း
မ၀င်ရပြစ်ဒဏ်နှင့် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

မော်ရင်ညို၏ အဆိုပါပြစ်ဒဏ်မှာ အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်အထိ အာဏာတည်မည်ဖြစ်ပြီး မီဒီယာများရှေ့၌
ထပ်မံစွပ်စွဲပြောဆိုပါက ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရမည်ဟု အက်ဖ်အေက ထုတ်ပြန်ခဲ့သည်။

ဆောက်သမ်တန်နှင့်ကစားခဲ့သည့်ပွဲအပြီးတွင် မော်ရင်ညိုက ”ချဲလ်ဆီးဟာ ကြီးကြပ်သူတွေရဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို
အမြဲတမ်းခံခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ မီဒီယာတွေရဲ့ မေးခွန်းတစ်ခုလို အမြဲတမ်းဖြစ်နေလို့ပါ။ အက်ဖ်အေက
ကျွန်တော်တို့ကို ပြစ်ဒဏ်ပေးချင်ရင် ပေးနိုင်တယ်။ တခြားနည်းပြတွေကိုတော့ ဒီလိုလုပ်မှာမဟုတ်ဘူး” ဟု ပြောကြားခဲ့ခြင်း
ဖြစ်သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၆ နေရာတွင်ရပ်တည်နေသော ချဲလ်ဆီးအသင်းမှာ ယခုတစ်ပတ်စနေနေ့တွင်
အဆင့် ၁၈ နေရာ၌ရပ်တည်နေသည့် ဗီလာအသင်းနှင့် အိမ်ကွင်းပွဲအဖြစ်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!