မိုဒရစ် ၃ပတ်ခန့်အနားယူရမည်ဟု ရီးရဲလ်အတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
GUANGZHOU, CHINA - JULY 26:  (CHINA OUT) Luka Modric of Real Madrid takes part in a training session at Tianhe Sports Center ahead of the International Champions Cup football match between Inter Milan and Real Madrid on July 26, 2015 in Guangzhou, China.  (Photo by ChinaFotoPress/ChinaFotoPress via Getty Images)
ဒဏ်ရာကြောင့်ရက်သတ္တပတ်၃ပတ်ခန့်အနားယူရမည့် မိုဒရစ်

ရီးရဲလ်အသင်း၏ ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ မိုဒရစ်သည် ယူရို၂၀၁၆ ခြေစစ်ပွဲ
စဉ်တွင် ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ပတ်ခန့်အနားယူရန်တော့မည်ဖြစ်ကြောင်း အတည်ပြု
သတင်းထုတ်ပြန်ခဲ့သည်။

မိုဒရစ်သည် ဘူလ်ဂေးရီးယားအသင်းအား ၃-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး
နောက် မော်လ်တာအသင်းနှင့် ပွဲစဉ်ကိုပါလွဲချော်ခဲ့ရကာ ဆေးစစ်ချက်အဖြေများအရ ရက်သတ္တပတ်အနည်းငယ်ခန့်အနား
ယူရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်သည်။

ယင်းအတွက်ကြောင့် မိုဒရစ်အနေဖြင့် လီဗန်တေး၊ ဆဲလ်တာဗီဂိုတို့နှင့် ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်အပါအ၀င်
ပီအက်စ်ဂျီအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါလွဲချော်ရတော့မည်ဖြစ်သည်။ ၎င်းအနေဖြင့် အောက်
တိုဘာ ၃၁ရက်နေ့တွင် ယှဉ်ပြိုင်ရမည့် လက်စ်ပါးမက်စ်နှင့် ပွဲစဉ်တွင်မူ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေသည်။

comments

error: Content is protected !!