အဲဗာတန်အသင်းနည်းဗျူဟာကို လျှို့ဝှက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မာတီနက်ဇ်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useRoberto Martinez
ချဲလ်ဆီးအားအနိုင်ရခဲ့သောပွဲစဉ်မှ မာတီနက်ဇ်က အသင်းသားများအားညွှန်ကြားမှုပြုနေစဉ်။

အဲဗာတန်အသင်းနည်းပြမာတီနက်ဇ်က အသင်းကစားပုံနည်းဗျူဟာကို ပြိုင်ဘက်များ မှန်းဆ၍မရအောင် ဆက်လက်ထိန်းသိမ်းသွားမည်ဟုပြောကြားလိုက်သည်။

မာတီနက်ဇ်မှာ ၂၀၁၃ ခုနှစ်တွင် နည်းပြမိုယက်စ်အစား ၀င်ရောက်ခဲ့ပြီးနောက် အသင်းကစားပုံကို အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီးနောက် အဲဗာတန်ပရိသတ်များ၏ ထောက်ခံမှုရရှိခဲ့သူဖြစ်သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာတွင် ရပ်တည်နေသော အဲဗာတန်အသင်းကစားပုံနည်းဗျူဟာကိုပွဲစဉ်တိုင်းတွင် အပြောင်းအလဲပြုလုပ်ထားခြင်းကြောင့် ပြိုင်ဘက်များအတွက် မှန်းဆရန်အခက်အခဲဖြစ်နေစေမည်ဟုမာတီနက်ဇ်က ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါနည်းပြက ”ကျွန်တော်တို့အသင်းရဲ့ လျှို့ဝှက်ဗျူဟာကို ဖော်ထုတ်မှာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းကအခုလိုစနစ်ကို ကျင့်သုံးခဲ့တာပါ။ မတူညီတဲ့ နည်းစနစ်တွေနဲ့အတူ ကွဲပြားတဲ့လုပ်ဆောင်ချက်တွေနဲ့ ပြိုင်ပွဲဝင်နေပါတယ်။ဘောလုံးကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ ကစားသမားကောင်းတွေနဲ့ စောင့်ကြည့်ခံအသင်းဖြစ်ခဲ့ရင် အတွေ့အကြုံနဲ့ မှတ်တမ်းတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။ အပတ်စဉ်တိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကစားသွားရမှာပါ’ ဟု ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ အဲဗာတန်အသင်းနောက်ခံလူ ဂျွန်စတုန်းမှာ ဒူးအရွတ်ကြောစုတ်ပြဲသည့်ဒဏ်ရာမှပြန်လည်သက်သာလာခဲ့သဖြင့် မန်ယူနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ တွင် ပါဝင်ရန်အလွန်နီးစပ်နေကြောင်း သိရသည်။

comments

error: Content is protected !!