လီဗာပူးကစားသမားများ ရဲရဲဝံ့ဝံ့ကစားရန် ကလော့ပ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LIVERPOOL, ENGLAND - OCTOBER 14:  (THE SUN OUT, THE SUN ON SUNDAY OUT) Jurgen Klopp manager of Liverpool talks with his team before a training session at Melwood Training Ground on October 14, 2015 in Liverpool, England.  (Photo by John Powell/Liverpool FC via Getty Images)
ယာဂင်ကလော့ပ်အား လီဗာပူးအသင်းကစားသမားများနှင့် လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က အသင်းကစားသမားများအား ပိုမိုရဲရင့်စွာကစားရန်နှင့် ပျော်ရွှင်မှုများဖုံးလွှမ်းထားသည့် မျက်ဝန်းများမြင်တွေ့လိုကြောင်း ပြောကြားလိုက်သည်။ သို့သော် ၎င်းက ယခုအချိန်တွင် အသင်းကိုအပြောင်းအလဲများစွာပြုလုပ်မည် မဟုတ်ကြောင်းထပ်မံပြောကြားခဲ့သည်။

အဆိုပါဂျာမန်လူမျိုးနည်းပြက စပါးနှင့်ကစားမည့်ပွဲမတိုင်မီ မီဒီယာများနှင့်တွေ့ဆုံရာ၌ ဘန်တီကီနှင့် ဖာမီနိုတို့မှာ ဒဏ်ရာကြောင့်အဆိုပါပွဲကိုလွဲချော်မည်ဖြစ်သော်လည်း လာမည့်တစ်ပတ်အတွင်း ပြန်လည်ကစားနိုင်မည်ဟု အတည်ပြုပြောကြားခဲ့ပြီး နောက်ခံလူဂျိုးဂိုမက်ဇ်၏ ဒဏ်ရာပြဿနာမှာ အနားယူရန်အချိန်လိုအပ်သေးသည်ဟု ဆိုခဲ့သည်။

ကလော့ပ်က ”ကျွန်တော်တို့ အကောင်းဆုံးလေ့ကျင့်ခန်း ၃ ကြိမ်လောက် လုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးကစားသမားတွေဟာနာခံမှုကောင်းတဲ့သူတွေပါ။ ဒါပေမဲ့ ကြီးကြီးမားမားပြောင်းလဲမှုတွေလုပ်ရမယ့်အချိန်မဟုတ်သေးပါဘူး။ ၆ ပတ်လောက်ကျွန်တော်တို့ အတူတူ ကြိုးပမ်းနိုင်မယ်ဆိုရင် ပိုကောင်းလာပါလိမ့်မယ်။ ဒါပေမဲ့ ပြည့်စုံမယ်လို့တော့ မဆိုလိုပါဘူး။ အခုအချိန်မှာ ကျွန်တော်တွေးနေတာက အသင်းခြေစွမ်း ဘယ်လိုတည်ငြိမ်အောင်လုပ်ရမလဲဆိုတာပါ။ ကျွန်တော်တို့ဟာကာလရှည်တစ်ခုကို အတူတကွဖြတ်သန်းကြရမယ့်သူတွေပါ။ ရဲရဲဝံ့ဝံ့ကစားတာလိုချင်သလို သူတို့မျက်ဝန်းတွေထဲမှာပျော်ရွှင်ကြည်နူးတာတွေမြင်တွေ့လိုပါတယ်။ ကျွန်တော်မြင်တွေ့လိုတာကို သူတို့ဘယ်လိုလုပ်မလဲဆိုတာဒီတစ်ပတ်ထဲမှာတွေ့ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းတစ်ပုဒ်အရ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီအစဉ်တွင် တိုက်စစ်မှူးဒန်နီအင့်စ်မှာဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရဖွယ်ရှိနေရာ တိုက်စစ်မှူး  ပြဿ       နာနှင့် လီဗာပူးရင်ဆိုင်ရဖွယ်ရှိနေသည်။

ယင်းအတွက်ကြောင့် နည်းပြယာဂင်ကလော့ပ်အနေဖြင့် ၎င်း၏လီဗာပူးနည်းပြဘ၀ပွဲဦးထွက်အဖြစ် စပါးနှင့်ကစားမည့်အဝေးကွင်းပွဲတွင် ဒန်နီအင့်စ်ကို ဆုံးရှုံးရမည်ဖြစ်သောကြောင့် တိုက်စစ်နေရာ၌ စတာရစ်ခ်ျနှင့်အိုရီဂီတို့ကို ပွဲထုတ်ရဖွယ်ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!