ဂျေစီရိုဒရီဂွက်ဇ်အား ရီးရဲလ်မက်ဒရစ်အသင်း ပွဲထွက်ကစားခွင့် ပိုမိုပေးသင့်နေပြီဟု အေးဂျင့်သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usejese
ရီးရဲလ်လူငယ်ကစားသမားရိုဒရီဂွက်ဇ်။

စပိန်လူငယ်ကစားသမား ဂျေစီရိုဒရီဂွက်ဇ်၏ အေးဂျင့် ဂျီနီက ရီးရဲလ်မက်ဒရစ်အသင်းမှာ မိမိ၏ကစားသမားဖြစ်သူအား ပွဲထွက်ကစားခွင့်ပိုမိုပေးအပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ စပိန်လူငယ်ကစားသမားတစ်ယောက်အနေဖြင့် အရန်ခုံတွင်ထိုင်နေရသည်မှာ မဖြစ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
စပိန်ယူ-၂၁ကစားသမားဖြစ်သူ ဂျေစီရိုဒရီဂွက်ဇ်သည် ရီးရဲလ်လူငယ်စီမံကိန်းမှာ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး နည်းပြဟောင်းအန်စလော့တီလက်ထက်တွင် ပွဲထွက်ကစားခွင့်ပိုမိုရရှိခဲ့ပြီး လက်ရှိနည်းပြသစ် ဘင်နီတက်ဇ်လက်ထက်တွင်မူ လာလီဂါပွဲစဉ် ၃ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်သည်။

“ဂျေစီအနေနဲ့ ရီးရဲလ်အသင်းအတွက် ကစားပေးဖို့လုံလောက်တဲ့အခြေအနေရှိနေပြီဖြစ်သလို အသင်းအနေနဲ့ ပွဲထွက်ကစားခွင့်ပိုပေးဖို့ လိုအပ်နေပါပြီ။ စပိန်လူငယ်ကစားသမားတစ်ယောက်အနေနဲ့ အရန်ခုံမှာထိုင်နေဖို့ထက် ပွဲထွက်ကစားခွင့်ပိုမိုရရှိနေမှာသာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ပိုပြီးအထောက်အကူပြုနိုင်မှာပါ” ဟု အေးဂျင့် ဂျီနီက ဆိုခဲ့သည်။

ရီးရဲလ်အသင်းနှင့်အတူ ၂၀၁၇ အထိ စာချုပ်သက်တမ်းရှိနေခဲ့သည့် ဂျေစီရိုဒရီဂွက်ဇ်သည် ၂၀၁၄ မတ်လတွင် ရရှိခဲ့သည့် ဒူးအရွတ်ဆုတ်ပြဲဒဏ်ရာ ကြောင့် ၈လခန့်အနားယူခဲ့ရသော်လည်း ၎င်း၏ခြေစွမ်းကြောင့် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

comments

error: Content is protected !!