ယူရို ၂၀၁၆ ပြိုင်ပွဲ ချန်ပီယံဖြစ်ရန် ဂျာမနီအသင်း ရေပန်းအစားဆုံးဖြစ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usegermany
ဂျာမနီနှင့် ဂျော်ဂျီယာပွဲစဉ်တွင် ပရိသတ်များက ဂျာမနီအလံပုံသဏ္ဍာန်ပြုလုပ်ထားစဉ်။

ယူရို ၂၀၁၆ခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးတွင် ချန်ပီယံအသင်းအဖြစ် ရေပန်းအစားဆုံးအသင်းအဖြစ် လက်ရှိကမ္ဘာ့ချန်ပီယံ ဂျာမနီ၊ အိမ်ရှင်ပြင်သစ်၊ လက်ရှိဥရောပချန်ပီယံ စပိန်အသင်းတို့က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိကြောင်း paddypower.com ၏ ဖော်ပြချက်အရသိရသည်။

အုပ်စုပွဲစဉ်များအပြီးတွင် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် အသင်းများတွင် အိမ်ရှင်အသင်းအပါအ၀င် အသင်း၂၀ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လက်ကျန် ၄နေရာအတွက်ကိုမူ ရှုံးထွက်ပွဲစဉ်များအဖြစ် ဟန်ဂေရီ၊ ယူကရိန်း၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်၊ ဘော့စနီးယား၊ ဆလိုဗေးနီးယားအသင်းတို့ အသီးအသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ချန်ပီယံအသင်းအဖြစ် ရေပန်းစားမှုတွင် ဂျာမနီက ၁၀/၃၊ ပြင်သစ်က ၄/၁၊ စပိန်က ၁၁/၂၊ ဘယ်လ်ဂျီယံက ၁၀/၁ တို့ဖြင့် အသီးသီးဦးဆောင်လျက်ရှိပြီး ထိပ်သီးအင်္ဂလန်အသင်းကမူ ၁၁/၁ ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည့် အီတလီအသင်းမှာမူ ၁၆/၁ ဖြင့် အဆင့် ၆နေရာတွင်ရှိနေခဲ့သည်။

comments

error: Content is protected !!