အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သည်ဟု ၀င်းဂါးပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usearsenewenger
အာဆင်နယ်အသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၀င်းဂါးပြောနေစဉ်

အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းစာရင်းဝင် အသင်းအားလုံးမှာချန်ပီယံဆုသိမ်းပိုက်ရန် စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားလိုက်သည်။

ထို့အပြင် အာစင်ဝင်းဂါးက မန်ယူနှင့်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သော ခြေစွမ်းအတိုင်း လာမည့်ပွဲများကို ယှဉ်ပြိုင်ကစားနိုင်မည်ဆိုပါကပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက ”ပွဲတိုင်းခြေစွမ်းပြနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းလည်း အဲဒီလိုခြေစွမ်းပြနိုင်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ သချာင်္နည်းအရတော့ ထိပ်ဆုံး ၈ သင်းလုံး ချန်ပီယံဖြစ်ခွင့်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ အာဆင်နယ်တောင်ပံကစားသမားဆန်းချက်ဇ်မှာ ရီးရဲလ်သို့ပြောင်းရွှေ့မည်မဟုတ်ကြောင်းသိရပြီးအသင်းနှင့်သက်တမ်းတိုးစာချုပ်ရန်ညှိနှိုင်းနေသည်ဟုaအးဂျင့်ဖြစ်သူကပြော ကြားထားသည်။ ထို့အပြင် နောက်ခံလူကိုစီရယ်နီမှာကြံ့ခိုင်မှုနောက်ဆုံးအဆင့်စစ်ဆေးနေကြောင်းသိရပြီး အသင်းခေါင်းဆောင်အာတီတာနှင့် ဖလာမီနီတို့မှာ ၀က်ဖို့ဒ်နှင့်ကစားမည်ပွဲတွင်ပြန်လည်ပါဝင်နိုင်ကြောင်း သိရသည်။

comments

error: Content is protected !!