စပါးတိုက်စစ်မှူးဟောင်း အဒီဘာယော ၀က်ဖို့ဒ်အသင်းနှင့် စာချုပ်ချုပ်ဆိုဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useade
ဝက်ဒ်ဖို့ဒ်အသင်းနှင့်စာချုပ်ဖွယ်ရှိနေသည့် အဒီဘာယော

စပါးအသင်းနှင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့သည့် တိုက်စစ်မှူး အဒီဘာယောသည် ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းအတူလေ့ကျင့်ရေးအစီအစဉ်များပြုလုပ်လျက်ရှိနေကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အသင်းနှင့် စာချုပ်ချုပ်ဆိုဖွယ်ရှိနေကြောင်း မီဒီယာများမှဖော်ပြခဲ့ကြသည်။

အသက် ၃၁နှစ်အရွယ်ရှိ ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အက်စ တွန်ဗီလာအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီးနောက် စပါးအသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကာ အသင်းလက်မဲ့ဖြစ်နေ သူဖြစ်သည်။

ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဒ်က ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးတစ်ယောက်အနေဖြင့် အသင်းအတွက် အကျိုးရှိမည့် ကစားသမားတစ်ဦးဖြစ်ကြော င်း၊ ကာတာကလပ်အသင်းများထံ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် အဒီဘာယောအား အသင်းတွင်လာရောက်လေ့ကျင့်မှုများပြုလုပ်ရန် စတင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

comments

error: Content is protected !!