နှစ်သစ်တွင် ပြန်လည်ပွဲထွက်နိုင်ရန် ကြိုးပမ်းနေဟု ၀ဲလ်ဘတ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewelbeck
အာဆင်နယ်အသင်းကွင်းရှေ့တွင် ၀ဲလ်ဘက်အားတွေ့ရစဉ်။

အာဆင်နယ်အသင်းတိုက်စစ်မှူးဝဲလ်ဘတ်က လာမည့်ဇန်န၀ါရီလအတွင်း ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်နိုင်ရန်ကြိုးပမ်းနေသည်ဟု ပြောကြားသွားခဲ့သည်။

အဆိုပါမန်ယူကစားသမားဟောင်းမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားရသောကြောင့် ဧပြီလမှစ၍ ယခုအချိန်ထိအာဆင်နယ်အသင်းတွင် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် ၂၀၁၆ နှစ်ဦးပိုင်း၌ ပြန်လည်ပါဝင်နိုင်ရန်မျှော်လင့်နေခြင်းဖြစ်သည်။

ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ၀ဲလ်ဘတ်က ”ပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျပြောဖို့ခက်ပါတယ်။ ဒါပေမဲ့နှစ်သစ်ကူးကာလမှာ ကစားနိုင်ဖို့မျှော်လင့်ထားပါတယ်။ ခွဲစိတ်ပြီး ၄ ပတ်လောက်အထိ ခြေထောက်မှာ အထိန်းတပ်ထားရပါတယ်။ အဲဒီအချိန်က တကယ့်ကိုခက်ခဲတဲ့ကာလပါ။ တစ်ရက်ကို ၆ နာရီလောက် စက်ပစ္စည်းတွေနဲ့ လေ့ကျင်းခန်းလုပ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အထိန်းကိုဖြုတ်ပြီးလမ်းလျှောက်နိုင်ခဲ့တယ်။ အဲဒီခံစားချက်က ကျွန်တော်ပြန်ကစားနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!