တိုက်စစ်မှူးများ ဂိုးပိုမိုသွင်းယူနိုင်မည်ဟု ယုံကြည်ကြောင်း လိုရစ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
uselloris
စပါးဂိုးသမားလိုရစ်နှင့် ဟယ်ရီကိန်းအားတွေ့ရစဉ်

စပါးအသင်းဂိုးသမားဟူဂိုလိုရစ်က မကြာမီကာလတွင် အသင်း၏တိုက်စစ်မှူးများ ဂိုးပိုမိုသွင်းယူနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

စပါးမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပုံမှန်ခြေစွမ်းပြသနေသော်လည်း အသင်းတိုက်စစ်မှူးဟယ်ရီကိန်းမှာ အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပြီး အသင်းမှာ ပွဲစဉ် ၈ ပွဲကစားပြီးချိန်တွင် ၁၁ ဂိုးသာရရှိခဲ့သည်။

ထို့ကြောင့် စပါးအနေဖြင့် ဘောလုံးရာသီကုန်ဆုံးချိန်တွင် ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်ရန်အတွက် ယခုထက်ပို၍ သွင်းဂိုးများလိုအပ်နေပြီးမကြာမီအချိန်တွင် အကောင်အထည်ပေါ်လာနိုင်သည်ဟုယုံကြည်ကြောင်း လိုရစ်က ပြောခဲ့ခြင်းဖြစ်သည်။

ဂိုးသမားလိုရစ်က ”ကျွန်တော်တို့ တညီတညွတ်တည်း ဖြစ်ခဲ့မယ်ဆိုရင် နိုင်ပွဲတွေဆက်တိုက်ရပါလိမ့်မယ်။ ပွဲတိုင်း ဂိုးသွင်းနိုင်ရမယ်လို့တသမတ်တည်း လုပ်ဆောင်မယ်ဆိုရင် သွင်းဂိုးတွေများလာမှာပါ။ ဒါကို ကစားသမားတစ်ယောက်တည်းမဟုတ်ဘဲ တိုက်စစ်မှူးအားလုံးလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်နေသော စပါးမှာ ယခုတစ်ပတ်တွင် အဆင့် ၁၀ နေရာမှလီဗာပူးအသင်းနှင့် အိမ်ကွင်းဝှိုက်ဟတ်လိန်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!