ချီလီတိုက်စစ်မှူးဆန်းချက်ဇ် ခြေစွမ်းမပြနိုင်ရန် မှော်အတတ်ဖြင့် ပီရူးပရိသတ်များကျိန်စာတိုက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usesanchez
ပီရူးဘက်သို့ ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ဆန်းချက်ဇ်။

ချီလီအသင်း၏ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ ဆန်းချက်ဇ်သည် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယမြောက် ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ပီရူးအသင်းနှင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိရန်အတွက် ပြိုင်ဘက်ပီရူးအသင်းပရိသတ်များ၏ ကျိန်စာတိုက်ခြင်း ကိုခံခဲ့ရကြောင်း အင်္ဂလန်နေ့စဉ်ထုတ်သတင်းစာ Mirror ကဖော်ပြခဲ့ကြသည်။

ပီရူးပရိသတ်များသည် ချီလီအသင်း၏အဓိကတိုက်စစ်မှူးဆန်းချက်ဇ်ခြေစွမ်းမပြနိုင်ရေးအတွက် ပွဲကြည့်စင်ပေါ်တွင် မှော်အတတ်ဖြင့် လူတစ်ဦး ပုံစံရှိသည့် အရုပ်တစ်ရုပ်အား ဆေးစီရင်ကာကျိန်စာတိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြခဲ့သည်။ သို့သော် ဆန်းချက်ဇ်အနေဖြင့် အဆိုပါပွဲစဉ်တွင် ပိုမိုခြေစွမ်းပြနိုင်ခဲ့ ကာ ချီလီအသင်းအတွက် အရေးပါသည့် သွင်းဂိုး ၂ဂိုးအား သွင်းယူပေးနိုင်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆန်းချက်ဇ်က ဒေသခံများရဲ့ ယုံကြည်မှုအပေါ်မှတ်ချက်ပြုမပြောကြားလိုသော်လည်း အမှန်တကယ်အံအားသင့်ဖွယ် အခြေအနေဖြစ်ကြောင်း၊ အသင်းရလဒ်ကောင်းရန်အတွက်အကောင်းဆုံးအာရုံစိုက်နိုင်ခဲ့သည့်အတွက် ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

နောက်ပိုင်းကာလများတွင် ပရိသတ်အချို့အနေဖြင့် ၎င်းတို့၏အသင်းအနိုင်ရရှိရန်အတွက် ပြိုင်ဘက်အသင်း၏ အဓိကကစားသမားများအား ယုံကြည်ချက်ကိုယ်စီဖြင့် ဆေးစီရင်ခြင်း၊ ကျိန်စာတိုက်ခြင်းများပြုလုပ်ခဲ့ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ စီရော်နယ်ဒိုမှာလည်း ယင်းကဲ့သို့ ဆေးစီရင်ကျိန်စာတိုက်ခံခဲ့ရသည့်အတွက် အချိန်ကာလအတန်ကြာ အနားယူခဲ့ရဖူးသည့် သာဓကများရှိခဲ့သည်။

comments

error: Content is protected !!