ပါတိုအားခေါ်ယူလိုလျှင် မန်ယူအသင်း ပေါင် ၁၈.၆ သန်းပေးချေရမည်ဟု ကိုရင်သီယန် ဒါရိုက်တာပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usepato
ဖလာမင်ဂိုဘက်သို့ ဂိုးသွင်းပြီးနောက် တိုက်စစ်မှူးပါတိုအောင်ပွဲခံနေစဉ်။

ကိုရင်သီယန်အသင်း လက်ထောက်ဘောလုံးဒါရိုက်တာ အီဒူရာဒိုဖာရဲရားက တိုက်စစ်မှူးပါတိုကိုမှန်ကန်သည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှသာရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကလပ်မှာ တိုက်စစ်မှူးပါတို၏ ပြောင်းရွှေ့ကြေးကို ပေါင် ၁၈.၆ သန်းသတ်မှတ်ထားကြောင်းသိရှိရပြီး အဆိုပါတိုက်စစ်မှူးမှာ ယခုအချိန်တွင် ဆော်အိုပေါ်လိုအသင်းသို့အငှားဖြင့်သွားရောက်ကစားနေသူဖြစ်သည်။

ပါတိုနှင့်ပတ်သက်၍ ကိုရင်သီယန်လက်ထောက်ဒါရိုက်တာက ”အခုအချိန်အထိ ခေါ်ယူလိုတဲ့အသင်းတွေက စုံစမ်းနေဆဲဖြစ်ပါတယ်။ ကလပ်တစ်သင်းကသာ ပေါင် ၁၈.၆ သန်းနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပါတိုကို ပြောင်းရွှေ့ခွင့်ပေးမှာပါ” ဟု ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်ရှိတိုက်စစ်မှူးပါတိုကို ခေါ်ယူလိုသည့်အသင်းများအနက် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ ယခုနွေရာသီအပြောင်းအရွှေ့တွင်
ခေါ်ယူရန်ကမ်းလှမ်းခဲ့သောကြောင့် လာမည့် ဇန်န၀ါရီတွင် ကိုရင်သီယန်မှအလိုရှိသည့် ပေါင် ၁၈.၆ သန်းသာ ပေးချေမည်ဆိုပါက မန်ယူသို့ ပါတိုရောက်ရှိနိုင်မည်ဖြစ်သည်။

အဆိုပါကမ်းလှမ်းမှုနှင့်ပတ်သက်၍ ပါတိုက ”ကျွန်တော်တကယ်ပြောတာပါ။ အပြောင်းအရွှေ့ပိတ်ဖို့ ၂ နာရီလောက်အလိုမှာမန်ယူရဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုရခဲ့ပါတယ်။ ကျွန်တော်လည်း ပြောင်းရွှေ့ဖြစ်မလားဆိုပြီး မျှော်လင့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!