အဲဗာတန်နှင့်ပွဲတွင် ရွန်နီအပါအ၀င် အဓိက ကစားသမားအများစု ပြန်လည်ပါဝင်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၅၀ ပြည့် ရွှေဖိနပ်ဆု လက်ခံရယူနေသော ရွန်နီ

မန်ယူအသင်းမှာ အဲဗာတန်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ တွင် ဒဏ်ရာရကစားသမားများဖြစ်သော ရွန်နီအပါအ၀င် မိုက်ကယ်ကာရစ်၊ ဟာရီရာနှင့် ရိုဟိုတို့မှာ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပါဝင်နိုင်ကြောင်း သိရသည်။

ရွန်နီနှင့် ကာရစ်မှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရင်း ခြေကျင်းဝတ်နှင့် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်က အဆိုပါကစားသမားများကို အက်စ်တိုးနီးယားနှင့် လစ်သူယေးနီးယားပွဲများတွင် အနားပေးခဲ့သည်။

ထိုကဲ့သို့ အနားပေးခဲ့ခြင်းကြောင့် အဆိုပါကစားသမား ၂  ဦးလုံး၏ ဒဏ်ရာများ ပြန်လည်သက်သာလာခဲ့ပြီး ရွန်နီမှာ အဲဗာတန်နှင့်ပွဲတွင်ပါဝင်ရန် အလွန်နီးစပ်နေကာ ကာရစ်မှာလည်း လေ့ကျင့်ခန်းအပြည့်အ၀ ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

Capital One ဖလားပြိုင်ပွဲအဖြစ် အစ်ဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့သော ဟာရီရာသည်လည်း စပိန်လက်ရွေးစင်အသင်းမှ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသောကြောင့် အဲဗာတန်နှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းရန်ရှိကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်းအတွက် ၂ ပွဲသာကစားပေးနိုင်ခဲ့သည့် ရိုဟိုမှာ အာဂျင်တီးနားနည်းပြမာတီနို၏ အနားပေးမှုကြောင့် ပြန်လည်ကောင်းမွန်လာကြောင်းသိရသည်။

comments

error: Content is protected !!