ယူရိုပြိုင်ပွဲ မဲခွဲမှု ဆီဒင်သတ်မှတ်မှုနိမ့်ကျခဲ့သည့်အပေါ် စိတ်ပျက်အံအားသင့်မိဟု အီတလီနည်းပြဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useitaly
အီတလီအသင်းအား ရှုံးပွဲမရှိစေဘဲ ခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြကွန်တီ။

အီတလီနည်းပြကွန်တီက ယူရိုခြေစစ်ပွဲတွင် တိုက်ရိုက်အောင်မြင်ခဲ့သော်လည်း ဒီဇင်ဘာလတွင်ပြုလုပ်မည့် မဲခွဲပွဲ၌ ဆီဒင်အဆင့်သတ် မှတ်ခဲ့ရာ၌ မဲအိုးနံပါတ်-၂ အတွင်း ထည့်သွင်း သတ်မှတ်ခံရသည့်အပေါ် အံအားသင့်စိတ်ပျက်မိကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်။

ယူရို ၂၀၁၆ခြေစစ်ပွဲတွင် ရှုံးပွဲမရှိရလဒ်ဖြင့် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့သည့် အီတလီအသင်းသည် ဥရောပအသင်းများအဆင့်ရပ်တည်မှု တွင် အဆင့်-၄နေရာ၌ ရပ်တည်နေသော်လည်း ဆီဒင်သတ်မှတ်မှုနိမ့်ကျခဲ့သည့် နည်းပြကွန်တီက စိတ်ပျက်ခဲ့ခြင်းဖြစ်သည်။

“ မဲအိုး-၂အတွင်း ထည့်သွင်းပြီး ဆီဒင်သတ်မှတ်ခဲ့တဲ့အပေါ် တော်တော်လေးကို အံအားသင့်မိပါတယ်။ ခြေစစ်ပွဲစဉ်တစ်လျှောက် လက်ရှိချန် ပီယံ စပိန်၊ လက်ရှိကမ္ဘာ့ချန်ပီယံ ဂျာမနီတို့တောင် ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့အချိန်ရှုံးပွဲမရှိရလဒ်ရရှိခဲ့တဲ့ အီတလီအသင်းအပေါ်သတ်မှတ်ခဲ့တဲ့အခြေ အနေက အံအားသင့်စရာပါ” ဟု အီတလီနည်းပြ ကွန်တီကဆိုခဲ့သည်။

၂၀၁၅ ဒီဇင်ဘာတွင် ပြုလုပ်မည့် မဲခွဲပွဲတွင် ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် လက်ရှိချန်ပီယံ စပိန်၊ အိမ်ရှင်ပြင်သစ်၊ လက်ရှိကမ္ဘာ့ချန် ပီယံ ဂျာမနီ၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံတို့အနေဖြင့် မဲအိုး-၁အတွင်း ထည့်သွင်းခံခဲ့ရကြောင်းသိရသည်။

comments

error: Content is protected !!