ယူရိုပြိုင်ပွဲ အုပ်စုအဆင့်ခြေစစ်ပွဲစဉ်များပြီးဆုံးပြီး အသင်းသစ်(၅)သင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usetureky
အိုက်စလန်နှင့် ပွဲတွင် နောက်ဆုံးမိနစ်သွင်းဂိုးဖြင့်အနိုင်ရခဲ့ပြီးခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့သည့် တူရကီအသင်းသားများအောင်ပွဲခံနေစဉ်

ယူရို၂၀၁၆ခြေစစ်ပွဲ အုပ်စုပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ပြီးနောက် နာမည်ကြီးနယ်သာလန်အသင်းမှအပ ဥရောပ၏ ဘောလုံးအင်အားကြီးအသင်းများနှင့်နောက်ဆုံးအဆင့်ယူရိုပြိုင်ပွဲအား ယခုမှပထမဦးဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အသင်းသစ်အချို့ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးအဆင့်ယူရိုပြိုင်ပွဲသို့ ချက်၊အိုက်စလန်၊ တူရကီ၊ ဘယ်လ်ဂျီယံ၊ ဝေးလ်၊ စပိန်၊ဆလိုဗက်ကီးယား၊ ဂျာမနီ၊ ပိုလန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ မြောက်အိုင်ယာလန်၊ရိုမေးနီးယား၊ သြစတြီးယား၊ ရုရှား၊ အီတလီ၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ အဲလ်ဘေးနီးယားတို့တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။
ယူရိုပြိုင်ပွဲplay-offs အဆင့်သို့ ဟန်ဂေရီ၊ယူကရိန်း၊နော်ဝေ၊ဒိန်းမတ်၊ဆွီဒင်၊အိုင်ယာလန်၊ဘော့စနီးယားနှင့် စလိုဗေးနီးယားတို့တက်ရောက်နိုင်ခဲ့ကာ လာမည့်အောက်တိုဘာ၁၈ရက်နေ့တွင် မဲနှိုက်သွားမည်ဖြစ်ကာ ဥရောပဘောလုံးအဆင့်ရပ်တည်မှုမြင့်မားသည့် အသင်း(၄)သင်းမှာ အဆင့်ရပ်တည်မှုနိမ့်ကျသည့် နိုင်ငံအသင်း(၄)သင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ယူရို၂၀၁၆ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်လာသည့် အိုက်စလန်၊မြောက်အိုင်ယာလန်၊ဝေးလ်၊အဲလ်ဘေးနီးယားနှင့် ဆလိုဗက်ကီးယားတို့မှာ ယခုပြိုင်ပွဲသို့ပထမဦးဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့်နိုင်ငံများဖြစ်သည်။

comments

error: Content is protected !!