ဟော်လန်လေ့ကျင့်ရေးအစီအစဉ်တွင် ဒီပေးနှင့် ဗန်ပါစီတို့ အချင်းများခဲ့
|
ဟော်လန်အသင်း ဒုတိယအသင်းခေါင်းဆောင် ဗန်ပါစီနှင့် လူငယ်တောင်ပံကစားသမားဖြစ်သူ ဒီပေးတို့သည် ချက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူရိုခြေစစ်ပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ကစားကွက်အနေအထားနှင့် ပတ်သက်၍ ငြင်းခုန်ရာမှတဆင့် အချင်းများခဲ့ကြောင်း BBC ၏ဖော်ပြချက်အရ သိရသည်။
ယူရိ-၂၀၁၈ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေနည်းပါးခဲ့ပြီဖြစ်သည့် ဟော်လန်အသင်းသည် ရှုံးထွက်ခြေစစ်ပွဲ တစ်နေရာအတွက် တူရကီအသင်းနှင့်အပြိုင် ကြိုးပမ်းနေရလျက်ရှိပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် တူရကီအသင်းရှုံးပွဲကြုံတွေ့ခဲ့ပြီး ချက်အသင်းအား အနိုင်ရရှိခဲ့မှသာ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကွင်းလယ်ကစားသမား ဒါလေဘလိုင်းက “အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တိုင်းအတွက် ကစားသမားတိုင်းမှာ ကွဲပြားတဲ့သီးခြားအမြင် တစ်ခုစီ ရှိကြပါတယ်။ ကစားကွက်နဲ့ ပတ်သက်ပြီး အချင်းများခဲ့ကြတယ်ဆိုပေမယ့် ပြန်ပြီးပြေလည်မှု ရရှိခဲ့ပါပြီ။ အသင်းသားတွေအနေနဲ့ နိုင်ငံအသင်းအတွက် ကြိုးစားကြရင်း တင်းမာမှုအနည်းငယ်ဖြစ်ခဲ့တာပါ” ဟု ဆိုခဲ့သည်။
Next : အဲဗာတန်နှင့်ပွဲတွင် ရွန်နီအပါအ၀င် အဓိက ကစားသမားအများစု ပြန်လည်ပါဝင်နိုင်