ရီးရဲလ်တွင်သာ ကစားသမားဘ၀အဆုံးသတ်မည်ဟု စီရော်နယ်ဒို ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usecri
၎ကြိမ်မြောက်ရရှိသည့် ရွှေဖိနပ်ဆုနှင့် စီရော်နယ်ဒိုအားတွေ့ရစဉ်။

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများထပ်မံရရှိလိုကြောင်း၊ ကစားသမားဘ၀နောက်ဆုံးအချိန်အားရီး ရဲလ်အသင်းတွင်သာ အဆုံးသတ်လိုကြောင်း ဥရောပရွှေဖိနပ်ဆုပေးပွဲအခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၆၁ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုအနေဖြင့် အသင်း ၏ ဂိုးသွင်းအများဆုံးစံချိန်အား လိုက်မီနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကိုလည်း ၄ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ကာ ဥရောပ၏အအောင်မြင်ဆုံးက စားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

“ရီးရဲလ်အသင်းမှာ ကစားသမားဘ၀အဆုံးသတ်ဖို့က အိပ်မက်တစ်ခုပါ။ လက်ရှိအနေအထားတိုင်းသာ ဆက်လက်ထိန်းသိမ်းနိုင်ပြီး ဒဏ်ရာမ ရရှိခဲ့ရင် အသက် ၄၀လောက်အထိ ဘောလုံးကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ လက်ရှိအနေအထားအရ အသင်းအတွက်အသုံးဝင်နေ ဆဲဖြစ်နေတဲ့အပေါ်လည်း ကျေနပ်မိပါတယ်။ အထူးသဖြင့် ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်မှုတွေဆက်လက်ရယူလိုပါသေးတယ်”ဟု စီရော် နယ်ဒိုက ဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်ဘောလုံးရာသီနှင့်ယခုနှစ်ဘောလုံးရာသီတွင် စံချိန်သစ်များတင်ခဲ့သည့် စီရော်နယ်ဒို၏ စွမ်းဆောင်ရည်များအပေါ် ရပ်တံ့ရန်စွမ်း ဆောင်နိုင်မည်မဟုတ်ကြောင်း အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် နည်းပြဘင်နီတက်ဇ်တို့က ချီးကျူးပြောကြားခဲ့သည်။
492441920

comments

error: Content is protected !!