ဘယ်လ်ဂျီယံအသင်း နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အဆင့်-၁ ဖြစ်လာမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
belguim
ခြေစစ်ပွဲအောင်မြင်ပြီး အောင်ပွဲခံနေသည့် ဘယ်လ်ဂျီယံအသင်းသားများ

ယူရို ၂၀၁၆ ခြေစစ်ပွဲအား တိုက်ရိုက်အောင်မြင်ခဲ့သည့်ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသည် ခြေစစ်ပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် အစ္စရေးအသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သည့်အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်မှုအမှတ်ပေးစည်းမျဉ်းများအရ နိုဝင်ဘာအဆင့်သတ်မှတ်ချက်တွင် အဆင့်-၁နေရာအား ရရှိရန် သေချာနေပြီဖြစ်ကြောင်း သတင်းမီဒီယာအချို့ကခန့်မှန်းဖော်ပြလျက်ရှိသည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရို၂၀၁၆ခြေစစ်ပွဲများတွင် ဝေးလ်လက်ရွေးစင်အသင်းတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပြီး နိုင်ပွဲဆက် တိုက်ရ ရှိခဲ့သည့်အတွက် နိုဝင်ဘာ အဆင့်သတ်မှတ်မှုတွင် ကမ္ဘာ့အဆင့် ရပ်တည်မှု၌အဆင့်-၁ နေရာအား ရရှိမည်ဟု ခန့်မှန်းဖော်ပြခံနေရခြင်းဖြစ် သည်။ ဖီဖာတာဝန်ရှိ သူများက နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်မှုအား နိုဝင်ဘာ ၅ ရက်တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း အတည် ပြုထုတ်ပြန်ကြေ ညာထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အဆင့်သတ်မှတ်မှုတွင် အဆင့်-၃ နေရာ၌ ရပ်တည်နိုင်ခဲ့သည့် ဘယ်လ်ဂျီယံအသင်းသည် ခြေစစ်ပွဲစဉ်များတွင် ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့သည့် ဂျာမနီ၊ အာဂျင်တီးနားအသင်းများ ကြောင့် အမှတ်ပေးစည်းမျဉ်းအရ အဆင့်-၁နေရာကို ရရှိရန်အခွင့်အရေးတစ် ရပ်ရရှိလာခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့်ဘယ်လ်ဂျီယံအသင်းအနေဖြင့် ၂၀၀၇ခုနှစ်  တွင် ကမ္ဘာ့အဆင့် ၇၁ ရှိနေခဲ့ရာမှ  ၈နှစ်အတွင်း ကမ္ဘာ့အဆင့်-၁နေရာ သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

comments

error: Content is protected !!