ရန်ကုန်ယူနိုက်တက်အသင်း ဘရာဇီးလူမျိုးနည်းပြတစ်ဦးအား နည်းပြချုပ်ခန့်အပ်သွားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
yufc
Photo: ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ်ခန့်အပ်ခံရမည့် Jairo Swirsky။

ရန်ကုန်၊အောက်တိုဘာ ၁၃။

အောင်သော်ဖြိုး။

၂၀၁၅ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည်တိုယိုတာမဲခေါင် ပြိုင်ပွဲအမှီ ဘရာဇီးလူမျိုး နည်းပြချုပ်အဖြစ် Jairo swirsky အားခန့်အပ်သွားမည်ဟု ရန်ကုန်ယူနိုက်တက်အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ဆိုသည်။

ရန်ကုန်အသင်းသည် ၂၀၁၅ နေရှင်နယ်လိဂ် အစတွင် ခေါ်ယူခဲ့သည့် ဆားဘီးယားလူမျိုးမီယိုဒရက်ရက်ဆစ်မှာ ရတနာပုံအသင်းနှင့် ပွဲစဉ်အပြီးတွင် လမ်းခွဲခဲ့ပြီး ပြည်တွင်းနည်းပြ ဦးတင်မောင်ထွန်းအား လက်ကျန် ပွဲစဉ်များအတွက် နည်းပြချုပ်အဖြစ်တာဝန်ပေးအပ်ထားသည်။

ရန်ကုန်အသင်း အသစ်ခေါ်ယူမည့် ဘရာဇီးနည်းပြjairo swirsky သည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရန်ကုန်အသင်း၏ လက်ကျန်ပွဲစဉ်များကို လေ့လာမည်ဖြစ်ကာ ယခုနှစ် ရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်ချုပ်ဆိုမည်ဟု ဦးကျော်လင်းထွေးက ဆက်လက်ပြောကြားသည်။

ရန်ကုန်အသင်းသည် ကစားသမားသစ်ခေါ်ယူမှု အဖြစ် ဧရာဝတီအသင်းနှင့် ယခုလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကွင်းလယ်လူ ကျော်မင်းဦးနှင့် သဘောတူညီမှု ရရှိပြီဖြစ်သည့်အတွက် လာမည့်နှစ်ဘောလုံးရာသီတွင် ကျော်မင်းဦးကို ရန်ကုန်အသင်းတွင် မြင်တွေ့ရတော့မည်ဖြစ်သည်။

ရန်ကုန်အသင်းသည် အောက်တိုဘာလ ၁၇ရက်နေ့တွင် ဇေယျာရွှေမြေအသင်း၊ အောက်တိုဘာလ ၂၅ရက် နေ့တွင် ဇွဲကပင်အသင်း၊ အောက်တိုဘာလ ၃ဝရက်နေ့တွင် ချင်းယူနိုက်တက်တို့ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

yu

comments

error: Content is protected !!