ဆောက်သမ်တန်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ၀ါယာမာ ငြင်းဆန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489710040
Capital One ပွဲစဉ်တွင်တွေ့ရသည့် ၀ါယာမာ(ယာ)

ဆောက်သမ်တန်နှင့်အသင်း၏ ကင်ညာလက်ရွေးစင် ကွင်းလယ်ကစားသမား ၀ါယာမာသည် ရာသီကုန်တွင် အသင်းမှထွက်ခွာလိုသဖြင့် အသင်းမှကမ်းလှမ်းခဲ့သည့် စာချုပ်သစ်အား ငြင်းဆန်ပယ်ချခဲ့ကြောင်း The Sun သတင်းစာ၏ဖော်ပြချက်အရ သိရသည်။

အသက်၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ၀ါယာမာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် စပါးအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သူဖြစ်သည်။

“ဆောက်သမ်တန်နဲ့ ၀ါယာမာတို့ စာချုပ်သစ်ချုပ်ဆိုဖို့ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ကစားသမားကိုယ်တိုင်က အသင်းပြောင်းချင်နေတဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တာပါ” ဟု ၀ါယာမာ၏အေးဂျင့် အိုင်ဗန်မိုဒီယာက ဆိုခဲ့သည်။

ယခုဘောလုံးရာသီတွင် ဆောက်သမ်တန်အတွက် ၇ ပွဲအထိ ပါဝင်ကစားပေးထားသည့် ၀ါယာမာသည် လာမည့် ဆောင်းရာသီအပြောင်းအရွှေ့တွင် စပါးအသင်းသို့ ပြောင်းရွှေ့ရန်အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!