တင်ကရူးလ်နေရာ အစားထိုးရန် ဗဲလ်ဒက်စ်ကို ခေါ်ယူမည်ဟု နယူးကာဆယ်ထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
463942722
ပြီးခဲ့သည့်ရာသီ မန်ယူလေ့ကျင့်ရေးကွင်းမှ ဗဲလ်ဒက်စ်

နယူးကာဆယ်အသင်းသည်  ဒူးဒဏ်ရာကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရမည့် ဂိုးသမားတင်ကရူးလ်နေရာတွင် အစားထိုးရန်အတွက် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် မန်ယူဂိုးသမားဗဲလ်ဒက်စ်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ အခိုင်အမာပြောကြားလိုက်သည်။

မန်ယူဂိုးသမားဗဲလ်ဒက်စ်မှာ ယခုအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာမှ အိုးထရက်ဖို့ဒ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ပြီးနောက် နည်းပြဗန်ဟားလ်နှင့် အဆင်မပြေမှုများရှိနေသဖြင့် ပွဲထွက်ခွင့်ပျောက်ဆုံးကာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရသောကြောင့် အသင်းပြောင်းရွှေ့ရန်ဆန္ဒရှိနေသူဖြစ်သည်။

ယခုအချိန်အထိ နိုင်ပွဲပျောက်ဆုံး၍ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ဆုံးရောက်နေသော နယူးကာဆယ်အသင်းမှ ဒုတိယဂိုးသမား ကားလ်ဒါလောသည်လည်း ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသောကြောင့် နောဝစ်ခ်ျနှင့်ယှဉ်ပြိုင်မည့် ပရီးမီးယာလိဂ်ပွဲစဉ် ၉ တွင် တတိယဂိုးသမားရော့ဘ်အီးလီးယက် ပါဝင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

comments

error: Content is protected !!