၎ ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုအား ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492441938
ရွှေဖိနပ်ဆုပေးပွဲအခမ်းအနားတွင် ရော်နယ်ဒိုအားတွေ့ရစဉ်

ပြီးခဲ့သည့်ဘောလုံးရာသီတွင် လာလီဂါပွဲစဉ်များ၌ ရီးရဲလ်အသင်းအတွက် လိဂ်သွင်းဂိုး ၄၈ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး ရော်နယ်ဒိုသည် ဥရောပရွှေဖိနပ်ဆုအား ၂ နှစ်ဆက်တိုက်ရရှိခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် ၄ ကြိမ်မြောက်အဖြစ် ရရှိခဲ့သည်။

ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ရီးရဲလ်အတွက် ပြိုင်ပွဲစုံတွင် ပွဲပေါင်း ၅၄ ပွဲကစားခဲ့ရာတွင် သွင်းဂိုးစုစုပေါင်း ၆၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့်အတွက် ဥရောပရွှေဖိနပ်ဆုအား ၄ ကြိမ်မြောက်အဖြစ် ရရှိခဲ့ခြင်းဖြစ်ပြီး ဥရောပရွှေဖိနပ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

“တကယ်ကို ကောင်းမွန်တဲ့ အချိန်ကာလတစ်ခုပါ။ အသင်းဖော်တွေရဲ့ အကူအညီမပါရင် ဒီလိုအောင်မြင်မှုတွေရရှိဖို့ မလွယ်ကူပါဘူး။ အသင်းအတွက် ပေးဆပ်ကစားရင်း အောင်မြင်မှုတွေ ဆက်လက်ရယူလိုပါသေးတယ်။ အထူးသဖြင့် ဥရောပရွှေဖိနပ်ဆုကို ၄ ကြိမ်မြောက်ရရှိခဲ့ပြီဖြစ်သလို နောက်ထပ်အကြိမ်များစွာလည်း ရယူလိုပါတယ် “ဟု ရော်နယ်ဒိုက ဆိုသည်။

comments

error: Content is protected !!