ပြင်သစ်အသင်းတွင် ရွေးချယ်မခံရမှုမှာ တရားမျှတမှုမရှိဟု ပါယက် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489551304
လက်စတာနှင့်ပွဲမတိုင်မီက ပါယက်အားတွေ့ရစဉ်

ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကြယ်ပွင့်ပါယက်က ယူရိုပြိုင်ပွဲအိမ်ရှင်အဖြစ် ကစားရမည့် ပြင်သစ်အသင်းမှာ ခြေစမ်းပွဲအဖြစ် အာမေးနီးယား၊ ဒိန်းမတ်တို့နှင့် ကစားခဲ့သည့်ပွဲတွင် ၎င်းကို မရွေးချယ်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် နည်းပြဒက်ချမ့်၏ ရွေးချယ်မှုမှာ တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါကွင်းလယ်လူသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ၀က်စ်ဟမ်းအသင်းသို့ရောက်ရှိခဲ့ပြီးနောက် ၎င်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၈ ပွဲကစားပြီးချိန်၌ ၄ ဂိုးသွင်းယူပေးထားသူဖြစ်သည်။

ပါယက်က ”ကျွန်တော်မျှော်မှန်ထားတဲ့အရာက ဘာလဲဆိုတာတောင် နားမလည်တော့ဘူး။ ကျွန်တော့်ကို ပြင်သစ်အသင်းက မခေါ်ဘူးဆိုရင်လည်း ကျွန်တော့်ဘ၀ မထိခိုက်သွားဘူး။ အသင်းလူစာရင်းကိုလည်း တီဗီရှေ့မှာ ထိုင်ပြီးစောင့်ကြည့်နေမှာမဟုတ်ဘူး။ အခု ကျွန်တော့်အိပ်မက်တွေက အင်္ဂလန်မှာရှိနေတယ်။ လက်ရွေးစင်အသင်းက ကျွန်တော့်ကို စိတ်ဆင်းရဲစေမယ်ဆိုရင် အဲဒီအသင်းကို အလိုမရှိတော့ပါဘူး။ ကျွန်တော့်ကို ပြင်သစ်လူစာရင်းရွေးချယ်မှုက မမျှတဘူးလားလို့မေးရင် ဟုတ်တယ်လို့ ဖြေမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!