ပေါ်တိုကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူရန် လီဗာပူးဘုတ်အဖွဲ့ကို ကလော့ပ်ပြောကြားထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489417582
ယူ-၂၁ ယူရိုခြေစစ်ပွဲတွင် ပေါ်တူဂီအတွက် ပါဝင်ကစားနေသည့် ရူဘင်နီဗက်စ်(၀ဲ)

လီဗာပူးအသင်းနည်းပြယာဂင်ကလော့ပ်က ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပေါ်တိုကွင်းလယ်ကြယ်ပွင့် ရူဘင်နီဗက်စ်ကို ခေါ်ယူရန်ပေးရန် အသင်းဘုတ်အဖွဲ့ကို ပြောကြားထားကြောင်း သိရသည်။

အဆိုပါ ကွင်းလယ်ကစားသမားကိုခေါ်ယူရန် ချဲလ်ဆီး၊ ဘာစီလိုနာနှင့် ရီးရဲလ်အသင်းတို့မှ ဆက်သွယ်မှုများရှိခဲ့ပြီး ချဲလ်ဆီးအသင်းမှာ အစောပိုင်းကတည်းက ၎င်းကိုခေါ်ယူရန် ပြင်ဆင်ထားသည့်အသင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်ရှိ ပေါ်တူဂီလူငယ်ကစားသမားနှင့် ပေါ်တိုအသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်တွင် ပေါင် ၂၁.၅ သန်းပေးချေခေါ်ယူမှုရှိပါက အသင်းမှထွက်ခွာခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်းသိရှိရပြီး လက်ရှိစာချုပ်သက်တမ်းမှာ ၂ နှစ်ကျန်ရှိသေးကြောင်းသိရသည်။

နောက်ဆက်တွဲသတင်းများတွင် လာမည့်အပြောင်းအရွှေ့ကာလ၌ အသင်းဟောင်းဒေါ့မွန်မှ ကစားသမားများကို ခေါ်ယူသွားမည်မဟုတ်ကြောင်း လီဗာပူးနည်းပြသစ်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။

comments

error: Content is protected !!