အင်္ဂလန်အား အရေးနိမ့်ခဲ့ပြီးနောက် လစ်သူယေးနီးယားနည်းပြ ရာထူးမှ ရုတ်တရက်နုတ်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
467797996
အင်္ဂလန်နှင့်ပွဲစဉ်တွင် လစ်ယူယေးနီးယားနည်းပြကိုတွေ့ရစဉ်

လစ်သူယေးနီးယားနည်းပြ ပန်ကရက်ဂျီဗက်စ်သည် ယူရိုခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းအား အိမ်ကွင်းတွင် ၀-၃ ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားခဲ့ကြောင်း လစ်သူယေးနီးယားဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

နည်းပြပန်ကရက်ဂျီဗက်စ်မှာ အင်္ဂလန်အသင်းအား အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ရာထူးမှနုတ်ထွက်ကြောင်း ရုတ်တရက်ပြောကြားခဲ့သည့်အတွက် လစ်သူယေးနီးယားဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအနေဖြင့် အံအားသင့်ခဲ့ရကြောင်း သိရှိရသည်။

“နိုင်ငံအသင်းကို တာဝန်ယူကိုင်တွယ်တဲ့အချိန်မှာ အကူအညီပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ လက်ရွေးစင်အသင်းကို နှုတ်ဆက်ရမယ့်အချိန် ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် နည်းပြရာထူးကနေ အနားယူတော့မှာပါ။ ၆ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရတာက နည်းပြအဖြစ်က နုတ်ထွက်ဖို့ လုံလောက်ခဲ့ပါပြီ”ဟု နည်းပြပန်ကရက်ဂျီဗက်စ်က ဆိုသည်။

၂၀၁၄ ခုနှစ်တွင် လစ်သူယေးနီးယားအသင်းအား စတင်ကိုင်တွယ်တာဝန်ယူခဲ့သည့် နည်းပြပန်ကရက်ဂျီဗက်စ်သည် ၂၅ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာ၌ ၆ ပွဲနိုင် ၆ ပွဲသရေ ၁၃ ပွဲရှုံးရလဒ်ရရှိခဲ့ပြီး အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့သည့် နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့သည်။

comments

error: Content is protected !!