ယူရိုခြေစစ်ပွဲ ဂိုးသွင်းအများဆုံးစံချိန်အား လီဝန်ဒေါစကီး လိုက်မီခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491884524
အိုင်ယာလန်ဘက်သို့ ထိုးဖောက်နေသည့် လီဝန်ဒေါစကီး

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်များတွင် နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် ယူရိုခြေစစ်ပွဲတစ်လျှောက် သွင်းဂိုး ၁၃ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစံချိန်တင်ထားခဲ့သည့် မြောက်အိုင်ယာလန်တိုက်စစ်မှူး ဒေးဗစ်ဟာလေ၏ စံချိန်နှင့် တူညီသွားခဲ့သည်။

မြောက်အိုင်ယာလန်တိုက်စစ်မှူး ဒေးဗစ်ဟာလေသည် ၁၉၉၂ ယူရိုခြေစစ်ပွဲစဉ်များတွင် သွင်းဂိုး ၁၂ ဂိုးဖြင့် စံချိန်တင်ထားသည့် ခရိုအေးရှား တိုက်စစ်မှူး ဒေးဗာဆူကာ၏စံချိန်ကို ၂၀၀၈ ခြေစစ်ပွဲတွင် သွင်းဂိုး  ၁၃ ဂိုးသွင်းယူပြီး ခြေစစ်ပွဲစဉ်များ၌ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

ပိုလန်အသင်းခေါင်းဆောင်တိုက်စစ်မှူး လီဝန်ဒေါစကီးမှာ ၈ နှစ်အကြာတွင် ယင်းစံချိန်အား လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၆ ပွဲတွင် နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့အတွက် သွင်းဂိုး ၁၅ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူးလီဝန်ဒေါစကီးမှာ ဥရောပ၏ အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်လာကြောင်း၊ ပြိုင်ဘက်နောက်တန်းကစားသမားများအတွက် အန္တရာယ်အပေးနိုင်ဆုံး ကစားသမားဖြစ်လာနိုင်ကြောင်း မီဒီယာများက ချီးကျူးရေးသားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခြေစစ်ပွဲစဉ်တွင် ဟော်လန်တိုက်စစ်မှူး ဟန်တယ်လာက သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် ဂိုးသွင်းအများဆုံးစံချိန်အား လီဝန်ဒေါစကီးက လိုက်မီရန်နီးစပ်ခဲ့သော်လည်း ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်များတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အမီလိုက်နိုင်ခဲ့ခြင်းမရှိချေ။

comments

error: Content is protected !!