ယူရိုပြိုင်ပွဲတွင် ဆီမီးအဆင့်ကို အနိမ့်ဆုံးမျှော်မှန်းထားကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
486081316
အီတလီဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင်တွေ့ရသည့် တာဗက်ချီယို(၀ဲ)

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ယူရို-၂၀၁၆ ပြိုင်ပွဲတွင် နောက်ဆုံး ၄ သင်းအဆင့်အထိ ရောက်ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

ယူရို-၂၀၁၆ ခြေစစ်ပွဲအုပ်စု(ဇ)တွင် ပါဝင်ခဲ့သည့် အီတလီအသင်းအနေဖြင့် အုပ်စုတွင်းပြိုင်ဘက်များဖြစ်သည့် နော်ဝေ၊ ခရိုအေးရှား၊ ဘူဂေးရီးယား၊ အဇာဘိုင်ဂျန်၊ မော်လ်တာအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရသည့် ခြေစစ်ပွဲစဉ် ၁၀ ပွဲတွင် ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲမရှိရလဒ်ဖြင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

“အနိမ့်ဆုံးအနေနဲ့ နောက်ဆုံး ၄ သင်းအဆင့် ရောက်ရှိမယ်လို့ ယုံကြည်ထားပါတယ်။ နယ်သာလန်၊ ဂျာမနီတို့ ရှုံးပွဲကြုံတွေ့နေရတဲ့အချိန် ရလဒ်ကောင်းရယူနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ အထူးသဖြင့် ရှုံးပွဲမရှိရလဒ်နဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာပါ။ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ဖို့အတွက်လည်း မျှော်မှန်းထားပါတယ်”ဟု ဥက္ကဋ္ဌတာဗက်ချီယိုက ဆိုခဲ့သည်။

comments

error: Content is protected !!