အဂူရိုမပါဝင်နိုင်ချိန်တွင် မန်စီးတီးအတွက် အကောင်းဆုံးကြိုးပမ်းပေးမည်ဟု ဒီဘရူနီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491126106
နယူးကာဆယ်နှင့်ပွဲတွင် အဂူရိုနှင့်အတူတွေ့ရသည့် ဒီဘရူနီ

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရူနီက တိုက်စစ်မှူးအဂူရို တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွင် အသင်းအတွက် အကောင်းဆုံးကြိုးပမ်း ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဂူရို၏ဒဏ်ရာ ပြန်လည်သက်သာရန် ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ပြီး ဒီဘရူနီက အဆိုပါအာဂျင်တီးနားတိုက်စစ်မှူး ပြန်လည်ပါဝင်မည့်အချိန်တွင် အသင်းရပ်တည်မှုကောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒီဘရူနီက ”သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်သလို ဂိုးရဖို့အခွင့်အရေးတွေလည်း ဖန်တီးတတ်သူပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းယူပေးခဲ့ပြီး အခုအချိန်မှာ မပါဝင်နိုင်တော့ပါဘူး။ သူ မကစားနိုင်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ပုံမှန်ခြေစွမ်းရဖို့ ကြိုးပမ်းထားမှ သူပြန်လာတဲ့အချိန်မှာ ပျော်ရွှင်ခွင့်ရနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဘယ်လ်ဂျီယံကွင်းလယ်လူသည် မန်စီးတီးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးရယူပေးထားသူဖြစ်ပြီး အင်္ဂလန်သို့ ရောက်ရှိခဲ့ခြင်းမှာ ၎င်းနှင့် အသင်းအတွက် ပျော်ရွှင်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

comments

error: Content is protected !!