ဂိုးသမားဂျက်ဘတ်လန့်ဒ်ကို ထိန်းသိမ်းနိုင်ရန်မျှော်လင့်ကြောင်း ရှောခရော့စ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492349122
အင်္ဂလန်အသင်းတွင် ပါဝင်ကစားခွင့်ရခဲ့သည့် ဂျက်ဘတ်လန့်ဒ်

စတုတ်စီးတီးအသင်းခေါင်းဆောင် ရှောခရော့စ်က ချဲလ်ဆီးအသင်းသို့ ပေါင် ၈ သန်းဖြင့်ပြောင်းရွှေ့သွားသော ဂိုးသမားဘီဂိုဗစ်ကဲ့သို့ ဂျက်ဘတ်လန့်ဒ်ကို ထပ်မံမဆုံးရှုံးစေရန် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂိုးသမားဂျက်ဘတ်လန့်ဒ်မှာ ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး ပါဝင်လက်စွမ်းပြထားပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ ရွိုင်းဟော့ဆန်ကလည်း ယူရိုခြေစစ်ပွဲတွင် ထည့်သွင်းအသုံးပြုခဲ့သည်။

အသက် ၂၃ နှစ်ရှိ အဆိုပါဂိုးသမားမှာ လွန်ခဲ့သည့် ၃ နှစ်ကျော်ကာလက အီတလီနှင့်ကစားခဲ့သော ခြေစမ်းပွဲ၌ အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး ယူရိုခြေစစ်ပွဲအဖြစ် လစ်သူယေးနီးယားကို ၃-၀ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း ပါဝင်ခွင့်ရရှိခဲ့သည်။

ဂျက်ဘတ်လန့်ဒ်နှင့်ပတ်သက်၍ နောက်ခံလူရှောခရော့စ်က ”အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရတာဟာ ဂျက်အတွက်ရော ကလပ်အတွက်ရော ကောင်းခဲ့ပါတယ်။ အခုနှစ်ဟာ ဂျက်အတွက် လက်စွမ်းပြနိုင်တဲ့နှစ်ပါပဲ။ ကျွန်တော်တို့မှာ ပြဿနာရှိတာက ဂိုးသမားတွေ လက်စွမ်းပြပြီးရင် အသင်းပြောင်းသွားကြပါတယ်။ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဂရုစိုက်ရမှာပါ။ ဂျက်ဟာ အသင်းနဲ့ကာလရှည်စာချုပ်ထားတဲ့ ထိပ်တန်းဂိုးသမားပါ။ အသင်းမှာ သူဆက်ရှိနေဖို့ ကျွန်တော်တို့ကြိုးပမ်းနိုင်မယ်လို့ အပြည့်အ၀မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!