ဂါရတ်ဘေးလ်ကို အနားပေးရန် ရီးရဲလ်က တောင်းဆိုခြင်းမရှိဟု ဝေးလ်နည်းပြ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492338896
ဝေးလ်လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂါရတ်ဘေးလ်

ဝေးလ်နည်းပြ ခရစ်ကိုးလ်မန်း ယူရိုခြေစစ်ပွဲအောင်မြင်ပြီးချိန်တွင် အဓိကတိုက်စစ်မှူးဖြစ်သူ ဂါရတ်ဘေးလ်ကို အနားပေးရန် ရီးရဲလ်အသင်း အနေဖြင့် တောင်းဆိုခဲ့ခြင်း မရှိကြောင်း၊ ကမ္ဘာ့ထိပ်တန်း အသင်းပီပီ ပရော်ဖက်ရှင်နယ် အပီသဆုံးအသင်း တစ်သင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဂါရတ်ဘေးလ် အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကစားခဲ့သည့် ရှက်တာဒိုးနက် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် အနားယူနေခဲ့ရသူဖြစ်သော်လည်း ဘော့စနီးယား အသင်းအား အရေးနိမ့်ခဲ့သည့် ယူရိုခြေစစ်ပွဲတွင်မူ နိုင်ငံအသင်း အတွက် ပြန်လည်ပါဝင်ပေးနိုင် ခဲ့သည်။

“ကလပ်အသင်း အတွက် မကစားပေးနိုင်ခဲ့ပေမယ့် ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီး ရီးရဲလ်အသင်းက တောင်းဆိုမှုတွေမရှိခဲ့ပါဘူး။ ထိပ်တန်းအသင်း တစ်သင်းပီပီ တကယ်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့အသင်းတစ်သင်းပါ ” ဟုနည်းပြကိုးလ်မန်းက ဆိုခဲ့သည်။

ရီးရဲလ်၏ အဓိက ကစားသမားများဖြစ်သည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ရာမို့စ်၊ ပီပီ၊ ကာဗာဂျယ်တို့ ဒဏ်ရာရရှိနေသည့် အချိန်တွင် အခြားအဓိက ကစားသမားများဖြစ်သည့် မိုဒရစ်၊ ဘန်ဇီမာတို့ ဒဏ်ရာရ ရှိခဲ့ခြင်းကြောင့် နည်းပြဘင်နီတက်ဇ် အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဂါရတ်ဘေးလ်နည်းတူ ကလပ်အသင်းဖော်ဖြစ်သည့် ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်ဒိုကမူ ယူရိုခြေစစ်ပွဲအောင်မြင် ခဲ့ပြီးနောက် လက်ရွေးစင် အသင်းက ၎င်းအား အသင်းမှပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

comments

error: Content is protected !!