ပေါင် ၃၅ သန်းဖြင့် လီဗာပူးသို့ အူဘာမီယန် ပြောင်းရွှေ့ဖွယ်ရှိ
|
လီဗာပူးအသင်း နည်းပြအဖြစ် ယာဂင်ကလော့ပ် တာဝန်ယူပြီးချိန်တွင် ဒေါ့မွန်အသင်း ကစားသမား အများစုကို ခေါ်ယူရန်ပြင် ဆင်နေကြောင်း သတင်းထွက်ပေါ် လာခဲ့ပြီးနောက် တိုက်စစ်မှူး အူဘာမီယန်သည် ပေါင် ၃၅ သန်းဖြင့် ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
အဆိုပါ ဒေါ့မွန်နည်းပြဟောင်းမှာ လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များကို အပြင်းအထန်ရှာဖွေမည် မဟုတ်ကြောင်း ပြောကြား ထားသော်လည်း လီဗာပူးအသင်းကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ချိန်တွင် အသင်းဟောင်း ကစားသမားများကို ခေါ်ယူရန် ဆက်သွယ်နေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
ကလော့ပ်မှာ တိုက်စစ်မှူး အူဘာမီယန်ကို ပြင်သစ်ကလပ် စိန့်အီတီယန်နီမှ ပေါင် ၁၀ သန်းပေးချေ၍ ဒေါ့မွန်သို့ခေါ်ယူခဲ့သူဖြစ်ပြီး အဆိုပါအသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးမှာ ဒေါ့မွန်နှင့် ပထမဆုံးပွဲ ၆၀ တွင် သွင်းဂိုး ၄၀ ရယူပေးနိုင်ခဲ့သည်။
ဒေါ့မွန်အသင်းနှင့် အူဘာမီယန်တို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းအမှုဆောင်အရာရှိချုပ် ၀စ်ဇ်ကီကလည်း ကလော့ပ်မှာ ကစားသမားများကိုခေါ်ယူ၍ အသင်းဟောင်းကို အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Next : ဂါရတ်ဘေးလ်ကို အနားပေးရန် ရီးရဲလ်က တောင်းဆိုခြင်းမရှိဟု ဝေးလ်နည်းပြ ဖွင့်ဟ