နယူးကာဆယ်ဂိုးသမားတင်ကရူးလ် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492165974
ကာဇက်စတန်နှင့်ပွဲတွင် ဒဏ်ရာရရှိသွားသည့် တင်ကရူးလ်

နယူးကာဆယ်ဂိုးသမားတင်ကရူးလ်မှာ ယူရို-၂၀၁၆ ခြေစစ်ပွဲအဖြစ် လက်ရွေးစင်ဟော်လန်အသင်းနှင့် ကာဇက်စတန်တို့ကစားခဲ့သောပွဲ၌ ညာဘက်ဒူးတွင် ပြင်းထန်သည့် အရွတ်ကြောဒဏ်ရာရရှိခဲ့သောကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ အဆိုပါဂိုးသမားက ”ဓာတ်မှန်အဖြေထွက်လာတဲ့အချိန်မှာ အရမ်းစိတ်ပျက်ပြီး အကြီးအကျယ်တုန်လှုပ်သွားတယ်။ ဒဏ်ရာသက်သာပြီး ကြံ့ခိုင်မှုပြည့်ဝလာဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမှာပါ” ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

တင်ကရူးလ်မှာ နယူးကာဆယ်အသင်းအတွက် ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး ပါဝင်ကစားပေးခဲ့သူဖြစ်ကာ ၎င်းအနားယူရမည့်ကာလတစ်လျှောက် ဂိုးသမားအစားထိုးရန်အတွက် နယူးကာဆယ်အသင်းမှ ဒုတိယတန်းကလပ် ခရော်လေအသင်းသို့အငှားချထားသော ဂိုးသမားဝုဒ်မန်းကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

comments

error: Content is protected !!