လာအို ဖူဆယ်အသင်းအား မြန်မာဖူဆယ်အသင်း ဂိုးပြတ်အနိုင်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
8513063da4aa95318c3ef3846adee5e0
မြန်မာ ၁၂-၄ လာအိုပွဲစဉ်မှ ယှဉ်ပြိုင်ကစားဟန်များ

2015 AFF FutsalChampionship ပြိုင်ပွဲ အုပ်စု(ခ)နောက်ဆုံး ပွဲစဉ်တွင် မြန်မာ့ ဖူဆယ်အသင်းသည် လာအိုဖူဆယ်အသင်းကို ၁၂ – ၄ ဂိုးဖြင့် အနိုင်ယူကာ အုပ်စု တတိယနေရာကို ရရှိနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း အတွက် အသင်းခေါင်းဆောင် အောင်အောင်က ၁၆၊ ၁၇၊ ၂၃ မိနစ်၊ ပြည့်ဖြိုးမောင်က၂၅ မိနစ်၊ ထက်မြတ်နိုင်က ၁၅၊ ၂၂၊ ၃၄မိနစ်၊ ငြိမ်းမင်းစိုးက ၆၊ ၃၇မိနစ်၊ ခိုင်ဇော်လင်းက ၁၈မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၄ပွဲကစား၂ပွဲနိုင်၊၂ပွဲရှုံး၊ ရဂိုး၂၇ဂိုး၊ ပေးဂိုး ၉ဂိုး ရမှတ် ၆မှတ်ဖြင့် တတိယ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာဖူဆယ်အသင်း အနေဖြင့် အဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကို ၁၃ဂိုးပြတ်ဖြင့် အနိုင်ရကာ၊ သြစတြေးလျကို၃-၁ဂိုး၊ ဗီယက်နမ်ကို၂-၁ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် လာအိုကို ၁၂-၄ဂိုး ဖြင့် ဂိုးပြတ် အနိုင်ယူကာ နိုင်ပွဲပြန် ရှာနိုင်ခဲ့ခြင်းဖြစ်သည်။

4970b86035e12e6a4c271d1df467b197 e5cf7f331079ef79b3e5372fb8c3bfbb f44e60a203b5cf03d7112a41474a6beb

comments

error: Content is protected !!