ခြေစစ်ပွဲအောင်မြင်မှုမှာ ချိုးဖျက်မရသောမှတ်တမ်းဟု မြောက်အိုင်ယာလန်နည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492269656
ခြေစစ်ပွဲအောင်မြင်ပြီးနောက် အသင်းခေါင်းဆောင်နှင့်အတူတွေ့ရသည့် မစ်ချယ်အိုနေးလ်

မြောက်အိုင်ယာလန်နည်းပြမစ်ချယ်အိုနေးလ်က ယူရိုခြေစစ်ပွဲအောင်မြင်ရန်အတွက် အပြင်းအထန်ကြိုးပမ်းခဲ့ရပြီး ယခုအောင်မြင်မှုမှာ ချိုးဖျက်၍မရသော မှတ်တမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မစ်ချယ်အိုနေးလ်မှာ မြောက်အိုင်ယာလန်အသင်းကို မက္ကဆီကိုတွင် ကျင်းပခဲ့သော ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတစ်ခုတွင် ပထမဆုံးအကြိမ်ပါဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

အဆိုပါနည်းပြက ”ဝေးလ်အသင်းနည်းပြခရစ်ကိုးမန်းဆီက မက်ဆေ့ခ်ျရခဲ့ပါတယ်။ အခုထက်ပိုတဲ့ ကောင်းမွန်မှုမရှိဘူးဆိုပြီး သူရေးပို့ခဲ့တာပါ။ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုပါပဲ။ ယုံကြည်ချက်ပြည့်ဝတဲ့အသင်းက ဘာလဲဆိုတာ ကျွန်တော့်ကစားသမားတွေ သက်သေပြနိုင်ခဲ့ပါတယ်။ အုပ်စုဗိုလ်နေရာက သူတို့နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။ အသင်းကောင်းတစ်သင်းဖြစ်အောင် ကျွန်တော်တို့လုပ်နိုင်ခဲ့တာက အရမ်းကို အကျိုးရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

မစ်ချယ်အိုနေးလ်မှာ မြောက်အိုင်ယာလန်ကို စတင်ကိုင်တွယ်ပြီး ပထမ ၁၈ ပွဲတွင် နိုင်ပွဲ ၁ ပွဲသာရခဲ့သော်လည်း ထပ်မံယှဉ်ပြိုင်သည့် ၁၂ ပွဲတွင်မူ ၆ ပွဲအထိ အနိုင်ယူကာ ၎င်းတို့အသင်း၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!