လာအိုအသင်းအား အနိုင်ကစားမည်ဟု မြန်မာ့လက်ရွေးစင် နည်းပြချုပ်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12144825_610194622452687_5262451205307527833_n
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အသင်းနည်းပြနှင့် လာအိုလက်ရွေးစင်အသင်းနည်းပြတို့အားတွေ့ရစဉ်။

၂၀၁၈ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲဒုတိယအဆင့် အဖြစ်မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် လာအိုလက်ရွေးစင်ဘောလုံး အသင်းနှင့်အောက်တို၁၃ရက်၊ ညနေ ၆နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ suphachalasai ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ လာအိုအသင်းအား အနိုင်ကစားသွားမည်ဟု နည်းပြချုပ် အဗရာမိုဗစ် ကပြောလိုက်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းမှာ လက်ရှိတွင် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(ဆ)တွင် လာအိုအသင်းအောက် ပဉ္ဇမနေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ် အဗရာမိုဗစ်က ”လာအိုအသင်းက တဖြည်းဖြည်းပိုကောင်းလာတဲ့ အသင်းဆိုတာ မေ့ထားလို့မရဘူး။ သူတို့ခြေစမ်းပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ လာအိုကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရလဒ် ယူဖို့ ပြင်ဆင်ထား ပါတယ်”ဟုပြောခဲ့သည်။

မြန်မာအသင်းမှာ အောက်တိုဘာ ၈ ရက်နေ့က လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး ၂ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယင်းပွဲစဉ်တွင် မြန်မာလက်ရွေးစင် အသင်း အနေဖြင့် ကစားပုံကောင်းမွန်ခဲ့ကြောင်း၊ ဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း အသုံးမချနိုင်ကြောင်း၊ လာအိုနှင့်ပွဲစဉ်တွင် လက်ဘနွန်ပွဲအတိုင်း ကစားနိုင်ခဲ့ပါက ရလဒ်ကောင်းရနိုင်မည်ဟုနည်းပြ အဗရာမိုဗစ်က ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ခင်မောင်လွင်က လာအိုနှင့် ပထမအကျော့ ပွဲစဉ်တွင် မမျှော်လင့်ဘဲ သရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ယခုပွဲစဉ်တွင် တစ်သင်းလုံးကြိုးစားပြီး နိုင်ပွဲရယူသွားမည် ဟုပြောခဲ့သည်။
မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းသည် လာအိုနှင့်ပွဲစဉ်တွင် အနီရောင်ဝတ်ဆင် ကစားသွားမည်ဖြစ်ပြီး MRTV Entertainment၊ MRTV News Channel တို့မှ ပြသသွားမည် ဟုသိရသည်။

comments

error: Content is protected !!