အေစီမီလန်နည်းပြ ဖြစ်လာနိုင်သည်ဆိုသည့် သတင်းများကို လစ်ပီငြင်းဆန်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
464476924
ဂွမ်ဇူးအဲဗားဂရင်းမှ နုတ်ထွက်သည့်သတင်းစာရှင်းလင်းပွဲတွင် လစ်ပီအားတွေ့ရစဉ်

အီတလီထိပ်သီးနည်းပြ မာဆယ်လိုလစ်ပီက စီးရီးအေထိပ်သီးကလပ်ဖြစ်သည့် အေစီမီလန်နှင့် ညှိနှိုင်းမှုများရှိနေသည်ဆိုသည့် သတင်းများမှာ မသေချာသည့် သတင်းများဖြစ်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် စီးရီးအေတွင် ရှုံးပွဲ ၄ ပွဲအထိ ရှိနေခဲ့ခြင်းကြောင့် ပရိသတ်များ၏ ဝေဖန်မှုများကိုခံနေရပြီး နည်းပြမီဟိုင်းလိုဗစ်မှာလည်း  ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။

ထို့ပြင် အီတလီလက်ရွေးစင်အသင်းအား ကမ္ဘာ့ဖလားချန်ပီယံဆုရယူပေးခဲ့သည့် ၀ါရင့်နည်းပြလစ်ပီမှာ အေစီမီလန်အသင်း၏ နည်းပြသစ်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

“အေစီမီလန်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခြင်းမရှိသေးပါဘူး။ မီဒီယာတွေအနေနဲ့ တိကျသေချာမှုမရှိတဲ့ အခြေအနေတွေကို ဖော်ပြနေကြတာပါ။ နည်းပြဘ၀ ပြန်စဖို့အတွက် အတိအကျမဆုံးဖြတ်ရသေးပါဘူး” ဟု ၀ါရင့်နည်းပြလစ်ပီက ဆိုခဲ့သည်။

အီတလီဝါရင့်နည်းပြ မာဆယ်လိုလစ်ပီသည် ဂျူဗင်တပ်၊ နာပိုလီ၊ အတ္တလန္တာ၊ အင်တာမီလန်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရင်းမှထွက်ခွာခဲ့ပြီးနောက် နည်းပြလောကမှ အနားယူနေခဲ့သူဖြစ်သည်။

comments

error: Content is protected !!