လာလီဂါပြိုင်ပွဲ အဓိကစပွန်ဆာအဖြစ် ရပ်တည်ခွင့်ရရန် Mazda ကားကုမ္ပဏီ ပြင်ဆင်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487893716
လာလီဂါပြိုင်ပွဲမှ အက်သလက်တီကိုမက်ဒရစ်ပရိသတ်

ဂျပန်ထိပ်သီးကားကုမ္ပဏီတစ်ခုဖြစ်သည့် Mazda သည် ကမ္ဘာ့ထိပ်တန်းအမှတ်ပေးလိဂ်တစ်ခုဖြစ်သည့် စပိန်လာလီဂ်ပြိုင်ပွဲတွင် အဓိကစပွန်ဆာကုမ္ပဏီအဖြစ် ရပ်တည်ခွင့်ရရှိရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

လာလီဂါပြိုင်ပွဲ၏ လက်ရှိအဓိကစပွန်ဆာ BBVA ကုမ္ပဏီ
အနေဖြင့် လာမည့် ၂၀၁၆ ဇွန်လတွင် စပွန်ဆာစာချုပ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဂျပန်ကားကုမ္ပဏီအပါအ၀င် အခြားကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းအများစုက လာလီဂါပြိုင်ပွဲအဓိကစပွန်ဆာအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေကြသည်။

ဘီလ်ဘာအိုအခြေစိုက် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် BBVA ကုမ္ပဏီသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် လာလီဂါပြိုင်ပွဲနှင့် စာချုပ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုရန် ပြင်ဆင်လျက်ရှိနေသော်လည်း နှောင့်နေးကြန့်ကြာမှုများရှိနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

စပိန်လာလီဂါနှင့် ၂၀၀၈ ခုနှစ်ကတည်းက လက်တွဲခဲ့သည့် စပိန်အာမခံကုမ္ပဏီ BBVA အနေဖြင့် လာလီဂါပြိုင်ပွဲအတွက် ဘောလုံးရာသီတစ်ရာသီလျှင် ယူရို ၂၃.၅သန်းအထိ စပွန်ဆာကြေးအဖြစ် သုံးစွဲလျက်ရှိသည်။

ယခုထွက်ပေါ်နေသည့် သတင်းများအရ လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တာဘာရက်စ်မှာ Mazda ကားကုမ္ပဏီ၏ စပိန်တာဝန်ခံနှင့် သဘောတူညီမှုအချို့ ရရှိထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!