လက်ရွေးစင်ပွဲတွင် ပါဝင်ကစားခြင်းမပြုရန် မန်စီးတီးပရိသတ်များက ကွန်ပနီအား တောင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492174414
ဆားဘီးယားနှင့်ပွဲစဉ်က ကွန်ပနီအားတွေ့ရစဉ်

မန်စီးတီး ပရိသတ်များသည် အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီအား လက်ရွေးစင်အသင်း၏ ယူရိုခြေစစ်ပွဲတွင် ပါဝင်ကစားခြင်းမပြုရန် တွစ်တာအကောင့်များမှ တစ်ဆင့် တောင်းဆိုထားကြောင်း သိရှိရသည်။

ကွန်ပနီမှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိနေကာ မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၎င်းမှာ ပွဲကစားရန် ကြံ့ခိုင်မှုမရှိဟု ဆိုထားပြီး ယခုသီတင်းပတ်တွင် ကလပ်အသင်းဆေးအဖွဲ့နှင့် စစ်ဆေးမှုခံယူရန် အသင်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် ကွန်ပနီမှာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့ပြီး အစ္စရေးနှင့် ယူရိုခြေစစ်ပွဲတွင် ပါဝင်ကစားဖွယ် ရှိနေသည်။

ဘယ်လ်ဂျီယံနည်းပြ ၀ီလ်မော့တ်က”ကွန်ပနီက လေ့ကျင့်ခန်းအပြည့်အ၀ ဆင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာ လုံးဝမရှိပါဘူး။ အစ္စရေးနဲ့ပွဲအတွက် သူအသင့်ဖြစ်မယ်လို့ ထင်ပါတယ်။ လေ့ကျင့်ခန်းမှာလည်း သူကြိုးစားသလို သူ့အနေအထားကို သူကိုယ်တိုင်ကောင်းကောင်း သိပါတယ်”ဟု ပြောကြားခဲ့သည်။

သို့သော် ထိုသတင်းကြောင့် အဂူရို၊ ဒေးဗစ်ဆေးလ်ဗား၊ ကိုလာရော့ဗ်တို့အား နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်တွင် ဒဏ်ရာရရှိမှုများကြောင့် ဆုံးရှုံးရတော့မည့် အသင်းပရိသတ်များက လူမှုကွန်ရက်များတွင် ဘယ်လ်ဂျီယံအသင်း၌ ပါဝင်ကစားခြင်း မပြုရန် ၀ိုင်းဝန်းတောင်းဆိုနေကြခြင်းဖြစ်သည်။

comments

error: Content is protected !!