ဝေးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေသည်ဟု နည်းပြကိုးလ်မန်းပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
492174414
ဆားဘီးယားနှင့်ပွဲတွင် အောင်ပွဲခံနေသည့် ကိုးလ်မန်း

ဝေးလ်အသင်းနည်းပြကိုးလ်မန်းက ယူရို-၂၀၁၆ ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးရန်  အဆင်သင့်ဖြစ်နေပြီဟု ပြောကြားသွားခဲ့သည်။

ကိုးလ်မန်းမှာ လာမည့်နွေရာသီတွင် စာချုက်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ဝေးလ်ဘောလုံးအဖွဲ့ချုပ်နှင့် ယူရိုခြေစစ်ပွဲကာလအတွင်း စာချုပ်သစ်ကိစ္စဆွေးနွေးရန် ငြင်းဆိုထားသူဖြစ်သည်။

အဆိုပါနည်းပြက ”ကျွန်တော်တို့ သဘောတူစာချုပ်နိုင်မယ်ဆို့ မျှော်လင့်ပါတယ်။ အစောပိုင်းတုန်းက စာချုပ်သစ်ချုပ်ဖို့ ငြင်းခဲ့တာဟာ အသင်းတည်ဆောက်နေတဲ့အချိန်ဖြစ်နေလို့ပါ။ ကျွန်တော်တို့ ပြင်သစ်မှာ သွားကစားဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းခဲ့ရပါတယ်။ အခုခြေစစ်ပွဲမှာရခဲ့တဲ့ ခြေစွမ်းအတိုင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ လုပ်ဆောင်မှာပါ” ဟုပြောကြားခဲ့သည်။

ကိုးလ်မန်း၏ မူလစာချုပ်မှာ အန်ဒိုရာနှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်အပြီးတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ယူရိုပြိုင်ပွဲပြီးဆုံးချိန်အထိ အလိုအလျှောက်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဝေးလ်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဂျိုနသန်ဖို့ဒ်က ပြောကြေားသွားခဲ့သည်။

comments

error: Content is protected !!