ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချရန် အန်စလော့တီ ဆန္ဒရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491587030
အောက်တိုဘာ ၆ ရက်နေ့က အခမ်းအနားတစ်ခုတွင်တွေ့ရသည့် အန်စလော့တီ

ရီးရဲလ်နည်းပြဟောင်းအန်စလော့တီသည် လာမည့်ဘောလုံးရာသီတွင် နည်းပြလောကသို့ ပြန်လည်ခြေချရန် စီစဉ်နေပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်လိုကြောင်း အီတလီအားကစားမီဒီယာ Corriere dello Sport က ဖော်ပြခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ နည်းပြအန်စလော့တီသည် ၂၀၀၉ မှ ၂၀၁၁ အထိ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားများ ရရှိခဲ့ဖူးသူဖြစ်သည်။

“ထိပ်တန်းအသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်ပြီး နည်းပြလောကကို ပြန်လည်ခြေချတော့မှာပါ။ အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ နည်းပြတစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ချင်ပါတယ်” ဟု အန်စလော့တီက ဖွင့်ဟခဲ့သည်။

အန်စလော့တီသည် ယာဂင်ကလော့ပ်အား နည်းပြခန့်အပ်လိုက်သည့် လီဗာပူးအသင်း၏ စိတ်ဝင်စားမှုခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အခြားပရီးမီးယားလိဂ်အသင်း တစ်သင်းသင်း၏ကမ်းလှမ်းမှုအား လက်ခံရရှိထားဖွယ်ရှိကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!