အာဖရိကအကောင်းဆုံးကစားသမားဆုရရန် ယာယာတိုရေးနှင့် အူဘာမီယန် ရေပန်းစားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491122948
နယူးကာဆယ်နှင့်ကစားခဲ့သည့် ပရီးမီယားလိဂ်ပွဲစဉ်က ယာယာတိုရေးအားတွေ့ရစဉ်

မန်စီးတီးကစားသမား ယာယာတိုရေးနှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ယာနစ်ဘိုလာဆီတို့မှာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ပဏာမစာရင်းတွင် အခြားပရီးမီးယားလိဂ်ကစားသမား ၁၁ ဦးနှင့်အတူ ပါဝင်နေပြီး ထိုဆုရရှိရန် ရေပန်းအစားဆုံးမှာ ယာယာတိုရေးနှင့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်တို့ဖြစ်ကြောင်း သိရသည်။

ယာယာတိုရေးမှာ ပြီးခဲ့သည့်နှစ်က ထိုဆုအား ၄ နှစ်ဆက် ရရှိခဲ့ပြီး ဘိုလာဆီမှာလည်း ယမန်နှစ်က ပဏာမစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဆွမ်ဆီးအသင်းမှ ခေါ်ယူထားသည့် အန်ဒရေအာရူးမှာလည်း ပဏာမစာရင်းတွင် ပါဝင်ခဲ့ကာ အခြားပရီးမီးယားလိဂ်ကစားသမားများအဖြစ် စတုတ်စတီးမှ ဒီအော့ဖ်၊ အက်စ်တွန်ဗီလာမှ ရူဒီဂက်စ်တီဒီ၊ နောဝစ်ခ်ျမှ ဘိုကာနီ၊ ဘုန်းမောက်မှ မက်စ်ဂရာဒယ်လ်နှင့် ခရစ္စတီယန်အတ်ဆု၊ လက်စ်တာမှ မာဟက်ဇ်၊ ဆောက်သမ်တန်မှ ဆာဒီယိုမာနီနှင့် ဗစ်တာဝန်ရာမာတို့ ပါဝင်နေသည်။

ဂါဘွန်နှင့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်မှာ ယခုဘွန်ဒက်စ်လီဂါရာသီတွင် ၈ ပွဲကစား ၁၀ ဂိုးသွင်းထားပြီး အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ယာယာတိုရေးကို ကျော်ဖြတ်ရယူနိုင်မည့်သူဟု တစ်ပြေးနေသည်။

comments

error: Content is protected !!