ဘော့စနီးယားအား ဝေးလ်အသင်းရှုံးနိမ့်သော်လည်း ယူရိုခြေစစ်ပွဲအား ပထမဦးဆုံးအကြိမ်အောင်မြင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
wales
ခြေစစ်ပွဲအောင်မြင်ပြီးနောက် ဝေးလ်အသင်းသားများနှင့် နည်းပြကိုးလ်မန်းတို့ အောင်ပွဲခံနေစဉ်။

ပြီးခဲ့သည့်အောက်တိုဘာ(၁၀)ရက်နေ့က၂၀၁၆ယူရိုခြေစစ်ပွဲများဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ဝေးလ်အပါအ၀င် ခြေစစ်ပွဲအောင် မြင်ခဲ့သည့် အသင်း(၅)သင်းထပ်မံထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

ယူရိုခြေစစ်ပွဲအောင်မြင်သည့်အသင်းများထဲတွင်ဝေးလ်ဘောလုံးအသင်းမှာဘော့စနီးယားအား၂ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း လက်ကျန်တစ်ပွဲသာကျန်တော့ချိန်တွင်အုပ်စု(ခ)တတိယနှင့်စတုတ္ထနေရာမှအသင်းများအားအမှတ်ဖြစ်ထားနိုင်သဖြင့် ဝေးလ် အသင်းမှာယူရိုချန်ပီယံရှစ်ပြိုင်ပွဲအားပထမဦးဆုံးဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ယူရိုပြိုင်ပွဲအား သမိုင်းတစ်လျှောက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီးနောက် နည်းပြခရစ္စကိုးလ်မန်းက” ကျွန်တော်တို့တွေပွဲပြီးဆုံးသွားတဲ့အချိန်မှာ အစ္စရေးနဲ့ ဆိုက်ပရက်ပ်စ်ပွဲရလဒ်ကိုတကယ်မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာ ခြေစစ်ပွဲအောင်မြင်ဖို့လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီလို ခြေစစ်ပွဲအောင်မြင်တဲ့ ခံစားချက်ကို ကျွန်တော်အနေနဲ့မရှင်းပြတတ်ပါဘူး။ပရိသတ်တွေအနေနဲ့ဒီရလဒ်နဲ့ပတ်သက်ပြီးတကယ်မယုံနိုင်လောက်အောင်ဖြစ်နေမယ် ထင်တယ်။ကျွန်တော်တို့အသင်းရှုံးနိမ့်မှုရင်ဆိုင်ခဲ့ရပေမယ့် ခြေစစ်ပွဲအောင်မြင်ခဲ့ရတာဟာတကယ့်ကိုအိပ်မက်တစ်ခုလိုပါပဲ”ဟုပြောခဲ့သည်။

ဝေးလ်အသင်းမှာ ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အလန်းအနည်းငယ်ရှိနေသော အစ္စရေးအသင်း၏ ဆိုက်ပရက်စ် အားမထင်မှတ်သည့် ရှုံးပွဲကြောင့် အုပ်စုပွဲစဉ်(၁)ပွဲကစားရန် ကျန်နေချိန်တွင် ယူရိုခြေစစ်ပွဲကို တိုက်ရိုက်အောင် မြင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ဝေးလ်အသင်း၏ ခြေစစ်ပွဲ၉ ပွဲတွင် ပေးဂိုး၎ဂိုးနှင့် တစ်ပွဲတည်းတွင် တစ်ဂိုးသာပေးခဲ့ရသည့် စွမ်း ဆောင်ရည်မှာ မယုံနိုင်ဖွယ်ရာကောင်းမွန်သော ရလဒ်ဟု နည်းပြခရစ္စကိုးလ်မန်းက ၀န်ခံခဲ့သည်။

ယူရိုခြေစစ်ပွဲ၉ပွဲတွင် ဝေးလ်အတွက်၎ဂိုးသွင်းပေးထားသည့် ဂါရတ်ဘေးလ်က”ကျွန်တော့်ကစားသမားဘ၀ တစ်လျှောက် အချိုမြိန်ဆုံးရှုံးနိမ့်မှုပါ။ ပြီးတော့ ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့အိပ်မက်က အဓိကပြိုင်ပွဲကြီး တစ်ခုမှ ၀င်ရောက်ယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့တွေရဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေ ကို ဆက်တိုက်လုပ်ဆောင်သွားမယ်”ဟုပြောခဲ့သည်။

ဝေးလ်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲအား ယခုတစ်ကြိမ်တွင်မှ ပထမဦးဆုံးအောင်မြင်နိုင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်၊ ချက်၊အိုက်စလန်၊သြစတြီးယား၊မြောက်အိုင်ယာလန်၊ပေါ်တူဂီ၊စပိန်၊ဆွစ်ဇာလန်၊အီတလီ၊ဘယ်လ်ဂျီယံတို့မှာ လည်းခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ထားပြီးဖြစ်သည်။

comments

error: Content is protected !!