လီဝန်ဒေါစကီးအားလီဗာပူးနည်းပြသစ်ကလော့ပ်က ပေါင်သန်း၄၀ပေး ခေါ်ယူမည်ဟု သတင်းထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
jurgen
ဒေါ့မွန်အသင်းတွင်လက်တွဲခဲ့သည့်နည်းပြကလော့ပ်နှင့် လီဝန်ဒေါစကီးအား ၂၀၁၄ခုနှစ်ကဇင်းနစ်နှင့် ပွဲအပြီးတွင်တွေ့ရစဉ်

လီဗာပူးနည်းပြသစ်ကလော့ပ်သည် ဒေါ့မွန်အသင်းတွင်လက်တွဲခဲ့ဖူးသည့်ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးအားပေါင်သန်း၄၀ပေးကာ ခေါ်ယူမည်ဖြစ်ကြောင်း သတင်းများတွင်ဖော်ပြလျက်ရှိသည်။

ကလော့ပ်သည် လီဝန်ဒေါစကီးအား ၂၀၁၀ခုနှစ်က ပိုလန်ကလပ်လက်ခ်ျပေါ့ဇ်နန်အသင်းမှခေါ်ယူခဲ့ကာ ၎င်းအားဥရောပ၏ အန္တရယ်အပေးနိုင်ဆုံးတိုက်စစ်မှူးဖြစ်လာစေရန် လမ်းညွန်ပေးနိုင်ခဲ့သည်။

လီဝန်ဒေါစကီးသည်ဘိုင်ယန်မြူးနစ်သို့ပြီးခဲ့သည့်၂၀၁၄နွေရာသီက အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ပြောင်းရွှေ့ခဲ့ သူဖြစ်ကာယခုနှစ်တွင်ကလပ်အသင်းနှင့် ပိုလန်အတွက် ၁၄ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

အင်္ဂလန်နေ့စဉ်ထုတ်SundayMirrorကအသက်၂၇နှစ်ရှိလီဝန်ဒေါစကီးအားလာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်ပေါင် သန်း၄၀ဖြင့်ခေါ်ယူရန်ဆုံးဖြတ်ထားကြောင်းဖော်ပြခဲ့သည်။

“ပိုလန်ကလပ်အသင်းသေးတစ်ခုရဲ့ ကစားသမားတစ်ယောက်ကိုခေါ်ယူနိုင်တာ အရမ်းကိုစိတ်ကျေ နပ်ဆုံးဖြစ်မှာပါ။ ကျွန်တော်အနေနဲ့ သူကစားခဲ့တဲ့ပွဲကို ကြည့်ဖြစ်ခဲ့တယ်။ကျွန်တော်လက်မှတ်ထိုးခေါ်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ရဲ့ ကနေ့ကစားပုံက မယုံနိုင်လောက်အောင်ခြေစွမ်းရှိနေတာပါပဲ”ဟုပြောခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာ(၈)ရက်နေ့ကပိုလန်အသင်းမှာစကော့တလန်ကွင်းသို့သွားရောက်ကစားခဲ့ကာသရေကျစေမည့် ၂ဂိုးစလုံးအားလီဝန်ဒေါစကီးမှသွင်းယူခဲ့သည်။

comments

error: Content is protected !!