လစ်သူရေးနီးယားနှင့်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အဓိက ကစားသမားများကို အင်္ဂလန် အနားပေးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
b
လစ်သူရေးနီးယားနှင့်ပွဲတွင် ပွဲထွက်ကစားမည့် ဘတ်လန်အားအင်္ဂလန်အသင်းလေ့ကျင့်ရေးအစီစဉ်တွင် မြင်တွေ့ရစဉ်။

အင်္ဂလန်အသင်းနည်းပြရွိုင်းဟော့ဒ်ဆန်သည်ယူရို၂၀၁၆ခြေစစ်ပွဲ၏အုပ်စုနောက်ဆုံးပွဲဖြစ်သည့်လစ်သူရေးနီးယားနှင့်အဝေးကွင်းပွဲစဉ်တွင်ပုံမှန်ပွဲထွက်ကစားသ မားအများစုကို အနားပေးထားမည်ဖြစ်ကြောင်းပြောကြားလိုက်သည်။

ယင်းပွဲစဉ်တွင်ဂိုးသမားဂျိုးဟတ်၊အသင်းခေါင်းဆောင်ရွန်နီ၊ဗဟိုနောက်ခံလူ ဂယ်ရီကာဟေးလ်တို့အပြင် ကွင်းလယ်ကစားသမားများဖြစ်ကြသောကာရစ် နှင့် ဂျိမ်းစ်မီလ်နာတို့ကိုပါ အနားပေးသွားမည်ဖြစ်ပြီး ဂိုးသမားအဖြစ် ဘတ်လန်အားရွေးချယ်ထားကြောင်း နည်းပြဟော့ဒ်ဆန်က ပြောကြားထားသည်။  သို့ရာတွင် ပြန်လည်ရွေးချယ်ခံထားရသည့် ကွင်းလယ်လူရှယ်ဗေးလ်၊ နောက်ခံလူများဖြစ်သောဂျာဂျီရယ်ကာနှင့် ဖီးလ်ဂျုံးတို့မှာမူ အဆိုပါပွဲတွင်ပါဝင်ကစားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လူငယ်ကစားသမားအများစုကိုပွဲထုတ်ခြင်းနှင့်ပတ်သက်၍“သူတို့ဘာလုပ်နိုင်ဆယ်ဆိုတာပြသခွင့်ရဖို့အချိန်သိပ်မကျန်တော့ပါ ဘူး။အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်မယ့်ကစားသမားစာရင်းဟာ အနိုင်ရဖို့အတွက် လုံလောက်မှုရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ယုံကြည်မှုအပြည့်ထားပြီးသားပါ။ သူတို့ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်“ ဟု ရွိုင်းဟော့ဆန်က ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၁၆ ခြေစစ်ပွဲကို အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲအောင်မြင်ထားသည့်အသင်း ဖြစ်သော်လည်း လစ်သူရေးနီးယားအား အနိုင်ရခဲ့လျှင် ယူရိုခြေစစ်ပွဲပြိုင်ပွဲတစ်လျှောက် ရာနှုန်းပြည့်နိုင်ပွဲဖြင့် ခြေစစ်ပွဲအောင်သည့် ဆဌမမြောက်အသင်းဖြစ်လာမည်ဟုသိရသည်။

အက်စတိုးနီးယားကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် အိမ်ကွင်းနောက်ဆုံးပွဲစဉ်တွင် ယခုတစ်ပတ် အနားပေးမည့် ကစားသမားများထဲမှ ရွန်နီနှင့်ကာရစ်တို့သာ လွဲချော်ခဲ့ပြီး ကျန်သုံးဦးမှာ ပွဲထွက်လူစာရင်း၌ ပါဝင်ကစားထားခဲ့သည်။

လစ်သူရေးနီးယားနှင့်ပွဲတွင် ပွဲထွက်ကစားမည့် စတုတ်စီးတီးအသင်း၏ အသက် ၂၂ နှစ်အရွယ် ဂိုးသမား ဘတ်လန်မှာ အီတလီနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပထမပိုင်း၌ ပါဝင်ကစားခဲ့ဖူးပြီး ယခုပွဲမှာ အင်္ဂလန်အသင်းအတွက် တရားဝင်ပြိုင်ပွဲများ၌ ပထမဆုံး ပွဲထွက်သည့်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ကွင်းလယ်လူ ရှယ်ဗေးမှာ အင်္ဂလန်အတွက် သုံးပွဲရွေးချယ်ခံထားရပြီး နောက်ခံလူ ဂျာဂျီရယ်ကာမှာ (၃၇) ပွဲ၊ ဖီးလ်ဂျုံးမှာ (၁၇) ပွဲ ရွေးချယ်ခံထားရကြောင်းသိရသည်။

comments

error: Content is protected !!