ယူရို-၂၀၁၆ အပြီးတွင် အီတလီနည်းပြအဖြစ်မှ ကွန်တီ နုတ်ထွက်ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491994798
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရသည့် ကွန်တီ

အီတလီလက်ရွေးစင်နည်းပြ ကွန်တီသည် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှ ကမ်းလှမ်းဖွယ်ရှိနေသည့် စာချုပ်သစ်ကို ငြင်းဆန်ဖွယ်ရှိနေသည့်အပြင် ယူရို-၂၀၁၆ ပြိုင်ပွဲအပြီးတွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်းနှင့် ဥရောပထိပ်သီးအသင်းအချို့အား တာဝန်ယူကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ယူရို-၂၀၁၆ အပြီးတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နည်းပြကွန်တီအား ၂၀၁၈ အထိ သက်တမ်းတိုးရန်ပြင်ဆင်နေသော်လည်း ကာယကံရှင်ကမူ အသင်းမှထွက်ခွာရန်ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာ အသင်းရလဒ်ကောင်းဖို့အတွက်ပဲ အာရုံစိုက်ရမှာပါ။ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ လိုအပ်လာပါပြီ။ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးတိုင်ပင်ရမယ့် အချိန်မဟုတ်သေးပါဘူး” ဟု နည်းပြကွန်တီက ဆိုသည်။

၂၀၁၄ ကမ္ဘာ့ဖလားအပြီးတွင် လက်ရွေးစင်နည်းပြအဖြစ်စတင်တာဝန်ယူခဲ့သည့် ကွန်တီသည် ယူရို-၂၀၁၆ခြေစစ်ပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

သို့သော် ၎င်းမှာ ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့်  ပီအက်စ်ဂျီ၊ အေစီမီလန်နှင့် ရိုးမားအသင်းတို့ကို တာဝန်ယူကိုင်တွယ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

comments

error: Content is protected !!