အေစီမီလန်အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာစေရမည်ဟု အသင်းဥက္ကဋ္ဌ ဘာလူစကိုနီ ကတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487877554
ခရိုင်းမီးယားဒေသတွင် စက်တင်ဘာလကတွေ့ရသည့် ဘာလူစကိုနီ

စီးရီးအေကလပ် အေစီမီလန်အသင်းဥက္ကဋ္ဌ ဘာလူစကိုနီက အသင်းနိုင်ပွဲပြန်လည်ရရှိရန် နည်းပြမီဟိုင်းလိုဗစ်က စွမ်းဆောင်ပေးနိုင်မည်ကို ယုံကြည်ကြောင်း၊ ရလဒ်ဆိုးများကြားမှ ရုန်းထွက်ပြီး အောင်မြင်မှုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာစေရမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။

အေစီမီလန်အသင်းမှာ စီးရီးအေပွဲစဉ် ၇ အပြီးတွင် ရှုံးပွဲ ၄ ပွဲအထိရှိနေခြင်းကြောင့် ပရိသတ်များ၏ဝေဖန်မှု ခံနေရပြီး နည်းပြဖြစ်သူ မီဟိုင်းလိုဗစ်မှာလည်း လာမည့် ပွဲစဉ် ၈  တိုရီနိုနှင့်ပွဲစဉ်တွင် ရလဒ်မကောင်းပါက ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။

“အသင်းရလဒ်ဆိုးတွေအတွက် စိတ်မကောင်းဘူး။ ရယ်စရာအဖြစ်ပြောရမယ်ဆိုရင် နည်းပြမီဟိုင်းလိုဗစ်ကို အဆိပ်ခတ်ချင်လောက်တဲ့အထိပါပဲ။ ဒါပေမဲ့ အေစီမီလန်ဟာ ရလဒ်ကောင်းတွေ ပြန်လည်ရရှိတော့မှာပါ။ နည်းပြမီဟိုင်းလိုဗစ်က ရလဒ်ဆိုးတွေကြားကနေ ရုန်းထွက်ပြီး အောင်မြင်မှုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဘာလူစကိုနီက ဆိုသည်။

comments

error: Content is protected !!