ဗီယက်နမ်နှင့်မြန်မာတို့ ယှဉ်ပြိုင်ကစားမည့် ဖူဆယ်ပွဲစဉ်အား Youtube မှ တိုက်ရိုက် ကြည့်ရူနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
AOF_0103

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၅ AFF Futsal Championship ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာဖူဆယ်လက်ရွေးစင်အသင်းသည် ယနေ့ နေ့ လယ် (၁း၃၀)နာရီတွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး http://youtu.be/i6nu-8nofr4 မှ ဝင်ရောက်ကြည့်ရူနိုင်မည် ဖြစ်သည်။

မြန်မာအသင်းသည် ဖူဆယ်ချန်ပီယံရှစ် အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာမည့် ဗီယက်နမ်နှင့်ပွဲစဉ်တွင် အထူးကြိုးစားကစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအုပ်ချူပ်သူ ဦးကြည်မင်းသိန်းက ပြောသည်။

“အုပ်စုထဲမှာ ဗီယက်နမ်က တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းပါ။ ဗီယက်နမ်ကိုနိုင်မှ အုပ်စုတက်ဖို့ အခွင့်အလမ်းရှိမှာပါ။ ညက ဗီယက်နမ်နဲ့လာအို ပွဲအခွေကိုကြည့်ပြီး နည်းပြချုပ်က ဘယ်လိုကစားမယ်ဆိုတာ ပြောထားပါတယ်။ ကျွန်တော်တို့အသင်း မနေ့က သြစတြေးလျကို ကစားတဲ့ခြေနဲ့ဆို နိုင်ဖို့အခွင့်အရေး ရှိပါတယ်။ သြစတြေးလျကို ပထမပိုင်းမှာ ၃ ဂိုး ပေးလိုက်ရပေမယ့် ဒုတိယပိုင်း ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပြီး ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်”ဟု မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အုပ်ချုပ်သူ ဦးကြည်မင်းသိန်းက ဆိုသည်။

ဗီယက်နမ်နှင့် မြန်မာပွဲစဉ်ကို ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁း၃၀ နာရီတွင် ဘန်ကောက် ဖူဆယ်အရီနာကွင်းတွင် ကျင်းပမည်ဖြစ်သည်။ အုပ်စုရပ်တည်မှုတွင် မြန်မာက ဖိလစ်ပိုင်ကို ၁၃-၀ ဂိုးဖြင့် အနိုင်ရထားပြီး သြစတြေးလျကို ၁-၃ ဂိုးဖြင့် အရေးနိမ့်ကာ ၂ ပွဲကစား ၃ မှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။

ဗီယက်နမ်က လာအိုကို ၁၃-၀ ဂိုးဖြင့် အနိုင်ရထားပြီး လက်ရှိ ၁ ပွဲကစား ၃ မှတ်ဖြင့် အုပ်စုထိပ်တွင် ရပ်တည်နေသည်။

comments

error: Content is protected !!