ဗီယက်နမ်ဖူဆယ်အသင်းကို ၂-၁ ဖြင့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ရှုံးနိမ့်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12107817_10206689361251302_5718759191920061495_n
ဗီယက်နမ်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်း

ရန်ကုန်၊အောက်တိုဘာ ၁၀။
အောင်သော်ဖြိုး။

၂၀၁၅ AFF Futsal Championship ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ်အသင်းတို့ အောက်တိုဘာလ ၁ဝ ရက်နေ့ နေ့လယ် ၁း၃ဝ အချိန်တွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဗီယက်နမ်အသင်းသည် ပွဲစသည်နှင့် မြန်မာအသင်းဘက်သို့ ဂိုးသွင်းခွင့်များရခဲ့သော်လည်း မြန်မာဂိုးသမား လက်စွမ်းပြကာကွယ်နိုင်သော်ကြောင့် ဂိုးစောစီးစွာ  မပေးခဲ့ရဘဲ ၉ မိနစ်တွင် ဗီယက်နမ်တိုက်စစ်မှူး Trần Văn Vũ ဧရိယာထိပ်မှ ကန်ခဲ့သည့်ဘောလုံးကို  ဂိုးသမားမကာကွယ်နိုင်ဘဲ ဗီယက်နမ်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ပထမပိုင်းတစ်လျှောက်တွင်လည်း မြန်မာအသင်းမှာ ခံစစ်အားပြုကစားခဲ့ရပြီး ပထမပိုင်းအပြီးတွင် ဗီယက်နမ်အသင်းက ၁ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရနေခဲ့သည်။

ဒုတိယပိုင်း ၂၄ မိနစ် တွင် မြန်မာအသင်းအတွက် ချေပဂိုးကို ပြည့်ဖြိုးမောင်က ပြန်လျှံထွက်လာသော ဘောလုံးအား မြေမကျ ကန်သွင်းကာ ရယူပေးခဲ့သည်။

ထိုဂိုးပေးလိုက်ရပြီးနောက် ဗီယက်နမ်အသင်းတိုက်စစ်မြှင့်ကာ ကစားလာခဲ့ပြီး ၂၈ မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင်ရာမှ ဘောလုံးဆုံးရှုံးသွားရာမှတစ်ဆင့် ဗီယက်နမ်တိုက်စစ်မှူးTrần Văn Vũ  ဘယ်ခြမ်းတစ်လျှောက်ဆွဲလာကာ နောက်တန်းလူတစ်ဦးကို ကျော်ဖြတ်ပြီး ဂိုးသမား၏ညာဘက်သို့ကန်သွင်းကာ ဗီယက်နမ်အသင်းအတွက် ဒုတိယဂိုးကို ရယူပေးခဲ့သည်။

မြန်မာအသင်းသည် လက်ကျန်ပွဲချိန်များတွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးရရှိခြင်းမရှိဘဲ ပွဲအပြီးတွင်  ဗီယက်နမ်က ၂ဂိုး မြန်မာက  ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ၃ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေပြီး ဗီယက်နမ်၊ သြစတြေးလျအသင်းတို့က ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်ရရှိထားကာ ဂိုးကွာခြားချက်အသာဖြင့် သြစတြေးလျအသင်းက အုပ်စုပထမနေရာတွင် ရပ်တည်နေသည်။

မြန်မာအသင်းသည် လာမည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လာအိုအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို  ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လာအိုအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၃ မှတ်ဖြင့် အုပ်စုစတုတ္ထနေရာတွင်  ရပ်တည်နေသောအသင်းဖြစ်သည်။

comments

error: Content is protected !!